မြဝတီမြို့တွင် မီးလောင်၊ နေအိမ် ၆ လုံး ပျက်စီးဆုံးရှုံး

September 9, 2019

မြဝတီမြို့တွင် မီးလောင်၊ နေအိမ် ၆ လုံး ပျက်စီးဆုံးရှုံး

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် ၂ ရပ်ကွက်မှာ ဒီကနေ့ မနက် ၁၀ နာရီခွဲလောက်က မီးလောင်မှုဖြစ်ပွားခဲ့လို့ နေအိမ် ၆ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ အိမ်ရှင်မတဦးက အဝတ်ထည်မီးပူတိုက်ရာမှ လျှပ်စစ်မီး ဝါယာလျှော့ဖြစ်ကာ စတင်မီးလောင်ကျွမ်းခဲ့ပြီး အနီးနားက နေအိမ်တွေကို ကူးစက်လောင်ကျွမ်းခဲ့တာကြောင့် စုစုပေါင်း နေအိမ် ၆ လုံး ပျက်စီးဆုံးရှုံးခဲ့တာပါ။ မီးလောင်ကျွမ်းမှုကို  မြဝတီခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၄ စီး၊ သင်္ဃန်းညီနောင်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီး၊ အရန်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၄ စီး၊ ရပ်ကွက်မှ မီးသတ်ယာဉ ၃ စီးတို့နဲ့ ငြှိမ်းသတ်ခဲ့တာကြောင့် မနက် ၁၁ နာရီမှာ မီးငြိမ်းသွားတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရသေးဘဲ မီးစတင်လောင်ကျွမ်းတဲ့ အိမ်ပိုင်ရှင်ကိုတော့ မြဝတီမြို့ရဲစခန်းက စစ်ဆေးနေတယ်လို့ သိရပါတယ်။ သတင်း - ဖိုးစီ၊ ဓာတ်ပုံ - Myanmar Fire Services Department
ျမဝတီၿမိဳ႕တြင္ မီးေလာင္၊ ေနအိမ္ ၆ လုံး ပ်က္စီးဆုံးရႈံး ဖိုးစီ ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕ အမွတ္ ၂ ရပ္ကြက္မွာ ဒီကေန႔ မနက္ ၁၀ နာရီခြဲေလာက္က မီးေလာင္မႈျဖစ္ပြားခဲ့လို႔ ေနအိမ္ ၆ လုံး ပ်က္စီးဆုံးရႈံးခဲ့တယ္လို႔ သိရပါတယ္။ အိမ္ရွင္မတဦးက အဝတ္ထည္မီးပူတိုက္ရာမွ လွ်ပ္စစ္မီး ဝါယာေလွ်ာ့ျဖစ္ကာ စတင္မီးေလာင္ကြၽမ္းခဲ့ၿပီး အနီးနားက ေနအိမ္ေတြကို ကူးစက္ေလာင္ကြၽမ္းခဲ့တာေၾကာင့္ စုစုေပါင္း ေနအိမ္ ၆ လုံး ပ်က္စီးဆုံးရႈံးခဲ့တာပါ။ မီးေလာင္ကြၽမ္းမႈကို ျမဝတီခ႐ိုင္မီးသတ္စခန္းမွ မီးသတ္ယာဥ္ ၄ စီး၊ သဃၤန္းညီေနာင္မီးသတ္စခန္းမွ မီးသတ္ယာဥ္ ၁ စီး၊ အရန္မီးသတ္စခန္းမွ မီးသတ္ယာဥ္ ၄ စီး၊ ရပ္ကြက္မွ မီးသတ္ယာဉ ၃ စီးတို႔နဲ႔ ျငႇိမ္းသတ္ခဲ့တာေၾကာင့္ မနက္ ၁၁ နာရီမွာ မီးၿငိမ္းသြားတယ္လို႔ ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕က ထုတ္ျပန္ထားပါတယ္။ မီးေလာင္မႈေၾကာင့္ ပ်က္စီးဆုံးရႈံးမႈတန္ဖိုးကိုေတာ့ မသိရေသးဘဲ မီးစတင္ေလာင္ကြၽမ္းတဲ့ အိမ္ပိုင္ရွင္ကိုေတာ့ ျမဝတီၿမိဳ႕ရဲစခန္းက စစ္ေဆးေနတယ္လို႔ သိရပါတယ္။ ဓာတ္ပုံ - Myanmar Fire Services Department
2 years Ago
Up