မြဝတီဂိတ်

A d v e r t i s e m e n t With Us

May 2, 2020

မြဝတီဂိတ်ကနေ ရွှေ့ပြောင်းမြန်မာလုပ်သား ၅၀ ကျော်ဝင်ရောက် (ဓာတ်ပုံ)

မြဝတီမြို့ အမှတ် ၂ ချစ်ကြည်ရေးတံတားမှ ရွှေ့ပြောင်းမြန်မာလုပ်သား ၅၁ ဦး မေ ၁ ရက်နေ့ကစ တင်ဝင်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ လက်ရှိ ပြန်လည်ဝင်ရောက်လာတဲ့ အလုပ်သမားတွေဟာ ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်ဒေသအတွင်းရှိ ခြံလုပ်သား/စက်ရုံ လုပ်သားတွေဖြစ်ပြီး ကျား ၄၆၊ မ ၅ ယောက် ဖြစ်ပါတယ်။ ပြန်လည်ဝင်ရောက်လာသူတွေကို ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ပြီး သက်ဆိုင်ရာ Quarantine Center ကို ပို့ဆောင်သွားမှာပါ။ ထိုင်းနိုင်ငံမှာ ညမထွက်ရအမိန့်ကြောင့် ပြည်နယ်ဖြတ်ကျော်ခရီးသွားလာခွင့် အရေးပေါ်အခြေအနေအမိန့်တို့ကို မေလကုန်အထိ ထပ်မံသက်တမ်းတိုးမြှင့်လိုက်တဲ့အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ နယ်စပ်ဂိတ်ကို ပြန်လာဖို့ ခက်ခဲနေကြတယ်လို့ နေရပ်ပြန် မြန်မာလုပ်သားတွေက ပြောပါတယ်။ လာမယ့်ရက်ပိုင်းအတွင်း ဒုတိယအသုတ်အနေနဲ့ ထိုင်းက နေရပ်ပြန်လာမယ့် ရွှေ့ပြောင်းအလုပ်သမားဦးရေ ၁ သိန်းကျော်နိုင်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားပါတယ်။ Photo - Saw Tar Tu / MPA
10 months Ago
Up