မြဝတီခရိုင်

July 22, 2020

မြဝတီခရိုင်တွင် မိုင်းပေါက်ကွဲပြီး ကျောင်းသား ၄ ဦးဒဏ်ရာရ၊ ၁ ဦးစိုးရိမ်ရ 

မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီခရိုင် ထီးဝါ့ကလေ့ကျေးရွာအုပ်စု၊ သေ့ဝါ့ပူကျေရွာအနီး လယ်ကွက်ထဲမှာ  ဇူလိုင် ၂၁ ရက် မွန်းလွဲ ၁၂ နာရီကျော်လောက်က မိုင်းဟောင်း တစ်လုံးပေါက်ကွဲပြီး ကျောင်းသား လူငယ်  ၄ ဦး ဒဏ်ရာရသွားပါတယ်။ မိုင်းပေါက်ကွဲမှုကြောင့်  စောဆာသူးလေ ၁၃ နှစ်၊ စောပေါ်ကူ ၁၂ နှစ်၊  စောမောင်ခန့် ၁၄ နှစ်နဲ့  စောကျော်ကလယ် ၁၃ နှစ်တို့ ၄ ဦးမှာ ဒဏ်ရာအသီးသီးရရှိပြီး   မြဝတီမြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။ စောဆာသူးလေကတော့ ယာဘက် လက်ကောက်ဝတ်ပြတ်ဒဏ်ရာ၊ မျက်လုံးဒဏ်ရာနဲ့ ဦးခေါင်းမှာ မိုင်းစထိမှန်ဒဏ်ရာတို့ရရှိပြီး  စိုးရိမ်ရတဲ့ အခြေအနေကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသမှု ခံယူဖို့ စီစဉ်နေပါတယ်။ အဆိုပါ ကလေးငယ်တွေဟာ ရွာအနီးရှိ ယခင်လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့ရဲ့ စခန်းဟောင်းနေရာမှာ သွားရောက်နွားကျောင်း နေစဉ် မိုင်းဟောင်းကိုထိမိလို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရှိခဲ့တဲ့ လူငယ်တွေကို  အစိုးရဌာနဆိုင်ရာတွေနဲ့  စေတနာရှင်တွေက ဆေးဝါးကုသ စရိတ် ငွေတွေ ထောက်ပံ့ကူညီပေးထားပါတယ်။  ဇူလိုင်လ ၁၉ ရက်နေ့ကလည်း  မြဝတီမြို့ အမှတ် ၃ ရပ်ကွက်ထဲမှာ ပေါက်ကွဲမှုဖြစ်ပွားပြီး  ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။  သတင်း - ဖိုးစီ
10 months Ago

November 2, 2019

မြဝတီ-ကော့ကရိတ်လမ်းတွင် ခရီးသည်တင်ယာဉ်တစီး မီးလောင် (ဓာတ်ပုံ)

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ မြဝတီ-ကော့ကရိတ်(အာရှလမ်းမကြီး)၊ မိုင်တိုင်အမှတ် (၁၅၈) အနီးမှာ နိုဝင်ဘာ ၁ ရက်နေ့မနက်ပိုင်းက ခရီးသည်တင်ယာဉ် ၁ စီး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုကို သင်္ဃန်းညီနောင်နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီး၊ အုပ်ချုပ်မှုယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ပူးပေါင်းငြှိမ်းသတ်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ယာဉ်မီးလောင်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်တွေ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘူးလို့ ဆိုပါတယ်။
2 years Ago
Up