မွမ်ဘိုင်းမြို့ ကျူးကျော်ရပ်ကွက် မီးလောင်

December 9, 2015

မွမ်ဘိုင်းမြို့ ကျူးကျော်ရပ်ကွက် မီးလောင် (ရုပ်သံ)

အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းက ကျူးကျော်ရပ်ကွက်မှာ ဒီဇင်ဘာ ၇ ရက်နေ့က မီးလောင်နေပုံကို ဒေသခံတဦးက ရုပ်သံ ရိုက်ကူးထားခဲ့ပါတယ်။ ကုန်လှောင်ရုံတခုကနေ မီးစတင် လောင်ကျွမ်းတာဖြစ်ပြီး ကျူးကျော်ရပ်ကွက်တလျှောက် ကူးစက်ခဲ့တာပါ။ ဓာတ်ငွေ့အိုး ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့နဲ့ ရဲအရာရှိတွေက ပြောပါတယ်။ မြို့စွန်မြောက်ပိုင်းက မီးလောင်မှုအတွင်း လူ ၂ ဦး သေတယ်လို့ NDTV ရုပ်သံက အစီရင်ခံပါတယ်။ ဆေးရုံဝန်ထမ်းကတော့ အလောင်း အနည်းဆုံး ၄ လောင်းကို ကယ်ဆယ်ရေးသမားတွေ သယ်လာတယ်လို့ ပြောပါတယ်။ မီးသတ်သမားတွေကတော့ တခြားလူတွေကို ပုဂ္ဂလိက ဆေးရုံဆီ သယ်သွားတယ်လို့ ပြောပါတယ်။ ကျူးကျော်ရပ်ကွက်ထဲက တဲတွေ ကြပ်ညပ်နေတဲ့ အနေအထားကြောင့် မီးတောက်ဆီရောက်အောင် သွားရခက်ခဲ့တယ်လို့ မီးသတ်သမားတွေက ပြောပါတယ်။ တဲ ၁၀၀ လောက် ပျက်စီးခဲ့တယ်၊ မီးသတ်သမားတွေ နောက်ဆုံးမီးတောက်တွေကို ငြှိမ်းနေချိန်မှာပဲ ဒေသခံတွေက မီးလောင်ပြင်ထဲ သူတို့အိမ်တွေက အကြွင်းအကျန်တွေကို ကောက်ယူနေကြတယ်လို့ မီးလောင်ပြင်မှာ ရောက်နေတဲ့ ရိုက်တာသတင်းဌာန ဓာတ်ပုံသတင်းထောက်က ပြောခဲ့ပါတယ်။
7 years Ago
Up