မြန်အောင်မြို့နယ်

A d v e r t i s e m e n t With Us

August 31, 2020

မြန်အောင်မြို့နယ်၌ ဧရာဝတီမြစ်ရေကြီးပြီး ကျေးရွာအချို့ ရေလွှမ်းမိုးနေ 

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ထဲက ကျေးရွာတချို့မှာ ဧရာဝတီမြစ်ရေ မြင့်တက်လာတာကြောင့် ကျေးရွာ ၅ ရွာ လောက်ရှိ လူနေအိမ်တွေ ရေနစ်မြုပ်နေပါတယ်။   အခုလို ရေလွှမ်းမိုးခံနေရတဲ့ ကျေးရွာတွေကတော့ မြန်အောင်မြို့နယ်ထဲက ဧက ၁၀၀ ကျေးရွာ၊ အောင်မင်္ဂလာကျေးရွာ၊ မြို့မကျွန်းကျေးရွာ၊ ပဲခူးတိုင်း မိုးညိုမြို့နယ်ထဲက ကုန်းကြီးကျေးရွာနဲ့ ဟင်္သာချောင်ကျေးရွာ တွေ ဖြစ်ကြပြီး  လူနေအိမ် ၄၀၀ လောက်နဲ့ ရွာက  စာသင်ကျောင်းတွေ ရေလွှမ်းမိုးခံနေရတာဖြစ်တယ်လို့  မြန်အောင်မြို့နယ် အောင်မင်္ဂလာကျေးရွာ၊  ရာအိမ်မှူး ဦးမြင့်လွင်က ပြောပါတယ်။ မြန်အောင်မြို့နယ်ထဲမှာ ဧရာဝတီမြစ်ရေ မြင့်တက်လာကြောင့် မြန်အောင်မြို့၊ ရွေကျင်တိုက်နယ်ထဲက လူနေအိမ် ၂၇ လုံးနဲ့ ဘုရားသိမ် တလုံးကို ရေလွတ်ရာကို ပြောင်းရွေ့ပေးခဲ့ရတယ်လို့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။ လက်ရှိမှာတော့ အခြေခံစားသောက်ကုန်တွေ လိုအပ်နေသလို မွေ အန္တရာယ်လည်း  စိုးရိမ်နေရတယ်လို့ ဒေသခံ  မြို့မကျွန်းကျေးရွာသား ကိုဇော်ကြီးက ပြောပါတယ်။ သြဂတ် ၃၁ ရက်နေ့ ၆ နာရီ အချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ မြန်အောင်မြို့မှာ ၆၇ ဒသမ ၅၅ ပေအထိ ရောက်ရှိနေပြီး မြို့ရဲ့စိုးရိမ်ရေမှတ်ထက်  ဒသမ ၅၅ ပေပိုနေပါတယ်။  သတင်း- ကိုကိုကြည်
6 months Ago

July 28, 2020

မြန်အောင်မြို့နယ်ရှိ အိမ်ထောင်စု ၂၈၈၅၉ အတွက်အစိုးရက ငွေကြေးထောက်ပံ့ကူညီ

ဧရာဝတီတိုင်း၊  မြန်အောင်မြို့နယ်မှာ ကိုဗစ်-၁၉ ကပ်ဘေးကာလ အခက်အခဲရှိနေတဲ့ ပြည်သူတွေအတွက် အစိုးရက အိမ်ထောင်စုတစ်စုလျှင်  ကျပ်ငွေ ၂၀၀၀၀ စီ ထောက်ပံ့ ကူညီပေးနေပါတယ်။  အခုလိုကူညီတာတွေကို မြန်အောင်မြို့နယ် ညောင်မြစ်ဆွဲကျေးရွာ အုပ်စုမှာ ဇူလိုင်လ ၂၆ နဲ့ ၂၇ ရက်နေ့တွေမှာ ပြုလုပ်ခဲ့ပါတယ်။ မြန်အောင်မြို့နယ်ထဲမှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု  ၆၉ အုပ်စုရှိပြီး အိမ်ထောင်စု ၂၈၈၅၉ ကို အစိုးရက ကူညီပေးတာဖြစ်ပါတယ်။  ဒါအပြင် မြို့နယ်ထဲက လူမှုရေးအဖွဲ့အစည်းတွေကလည်း ဆင်းရဲနွမ်းပါးသူတွေနဲ့ ကျပန်း အလုပ်သမားတွေကို ထောက်ပံ့ကူညီပေးနေပါတယ်။   မြန်အောင်မြို့နယ်ထဲမှာ ဇူလိုင် ၂၆ ရက်အထိ ပြည်ပက ပြန်ဝင်လာသူတွေနဲ့ တခြားမြို့တွေက ပြန်လာသူ ၂၁ ဦးကို  quarantine စခန်း ၃ ခုမှာ စောင့်ကြည့်နေတယ်လို့ ကျန်းမာရေးဌာနက သိရပါတယ်။  
7 months Ago
More News
Up