မြန်မာ ၁၇၆ ဦး

November 9, 2020

မလေးရှားတွင် အခက်အခဲဖြစ်နေသည့် မြန်မာ ၁၇၆ ဦး ပြန်ရောက်၊ ပြစ်ဒဏ်ကျခံပြီး ၄၅ ဦးပါဝင်

မလေးရှားနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ ၄၅ ဦးအပါအဝင် အခက်အခဲ ကြုံနေတဲ့ မြန်မာနိုင်ငံသား ၁၇၆ ယောက်ကို ဒီနေ့ညနေ ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့ တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံ၊ထိန်းသိမ်းရေးစခန်းတွေမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ ၄၅ ဦးအပါအဝင် အခက်အခဲ ကြုံတွေ့နေတဲ့ မြန်မာနိုင်ငံသားစုစုပေါင်း ၁၇၆ ဦးကို MAI ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ဒီနေ့ညနေ ၅ နာရီတွင် ရန်ကုန်လေဆိပ်ကို ပြန်ရောက်ခဲ့ကြပါတယ်။

ပြန်ရောက်လာသူတွေကို ကျန်းမာရေး စိစစ်ပြီး သီးသန့်စီစဉ်ပေးတဲ့နေရာတွေမှာ  ၇ ရက်နဲ့ နေအိမ်တွေမှာ ၇ ရက် အသွားအလာ ကန့်သတ်သွားမယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံရောက် အထောက်ထားမဲ့နေထိုင်သူတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရထားရတဲ့  မြန်မာနိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်နိုင်ရွက်ရေး မလေးရှားတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်ခေါ်ခဲ့တာ အကြိမ် ၃၀ ရှိပြီလို့ ဆိုပါတယ်။

2 years Ago
Up