မြန်မာ ၁၀၀

May 17, 2021

တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၁၀၀ ကျော်ကို ထိုင်းကပြန်လွှဲ

တရားမဝင် လမ်းကြောင်းတွေကတဆင့် ထိုင်းနိုင်ငံထဲ ခိုးဝင်ခဲ့ကြတဲ့ မြန်မာနိုင်ငံသား ၁၀၁ ယောက်ကို ဖမ်းဆီးပြီး မြန်မာအာဏာပိုင်တွေဆီ လွှဲပြောင်းပေးခဲ့တယ်လို့ နေးရှင်းသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

       ခုလိုဖမ်းဆီးမှုကိုတော့ ထိုင်းစစ်တပ်၊ ချင်းရိုင်လူဝင်မှုကြီးကြပ်ရေးနဲ့ ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးရုံးတို့ ပူးတွဲလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

       ထိုင်းအာဏာပိုင်တွေကတော့ ခုလိုဝင်ရောက်လာတဲ့ တရားမဝင်ရွှေ့ပြောင်းလာသူတွေကို တရားစွဲဆိုတာ၊ နေရပ်ပြန်ပို့တာတွေကို ဥပဒေကြောင်းအရ လုပ်ဆောင်ဖို့ ထိုင်း- မြန်မာ နှစ်နိုင်ငံ ကြား သဘောတူညီမှု ရရှိပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက်စစ်တပ်အာဏာသိမ်းမှုအပြီး မြန်မာစစ်အစိုးရက သွေးထွက်သံယို နှိမ်နင်းမှုတွေ ပြုလုပ်ပြီးနောက်ပိုင်း ခုလိုမျိုး နယ်စပ်ဖြတ်ကျော်ဝင် ရောက်လာတဲ့ အရေအတွက် သိသိသာသာ မြင့်တက်လာခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

Photo Credit- The Nation

7 months Ago
Up