မြန်မာ-အိန္ဒိယ

A d v e r t i s e m e n t With Us

June 25, 2020

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယကာကွယ်ရေးဝန်ကြီး တွေ့ဆုံဆွေးနွေး

မြန်မာ- အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသမှာ အကြမ်းဖက်သမားတွေ အခြေချနေထိုင်မှုမရှိစေရေး  အပါအဝင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ဆက်ဆံမှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်တွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ရုရှားနိုင်ငံမှာ ရောက်နေတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဇွန် ၂၄ ရက် ညနေပိုင်းတွင် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီး Rajnath Singh နဲ့ မော်စကိုမြို့ရှိ Metropol ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့တာလို့ တပ်မတော်သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ တွေ့ဆုံဆွေးနွေးရာမှာ ကုလားတန် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုနဲ့ စီမံကိန်းအောင်မြင်စေရေး လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မယ့်ကိစ္စ ၊ အိန္ဒိယသမုဒ္ဒရာ လုံခြုံရေးဆိုင်ရာတွေမှာ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရောဂါ ဖြစ်ပွားမှုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ချိန်မှာ သင်တန်းဆိုင်ရာ ကိစ္စရပ်တွေ ဆက်လက်ဆောင်ရွက်သွားဖို့နဲ့ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်တွေ အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးတွေ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အဖွဲ့ဟာ ရုရှားနိုင်ငံမှာ ကျင်းပတဲ့  Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို တက်ရောက်ဖို့ ဇွန် ၂၂ ရက်ကတည်းက ရုရှားနိုင်ငံကို သွားရောက်နေတာ ဖြစ်ပါတယ်။ ဓာတ်ပုံ-CINCDS
8 months Ago

March 26, 2020

အိန္ဒိယတွင် အသွားအလာကန့်သတ်မှုကြောင့် ရွှေ့ပြောင်းလုပ်သားထောင်ချီ သောင်တင်

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်နိုင်ဖို့ အသွားအလာကန့်သတ်တာတွေ လုပ်နေတာကြောင့် မတ် ၂၅ ရက်က  ရွှေ့ပြောင်းလုပ်သားထောင်ချီပြီး သောင်တင်နေပါတယ်။  ဝန်ကြီးချုပ် နာရန်ဒါ မိုဒီက ဒါဟာ ကပ်ဘေးကို ရှောင်လွှဲဖို့ တခုတည်းသော နည်းဖြစ်တယ်လို့ ပြောကြားပြီးနောက် သီတင်း ၃ ပတ်ကို လူတိုင်း အိမ်ထဲက အိမ်ပြင်မထွက်ဖို့ အမိန့်ထုတ်ထားပါတယ်။  အိန္ဒိယမှာ အသွားအလာတွေ ကန့်သတ်လိုက်တာကြောင့် တချို့ ရွှေ့ပြောင်းလုပ်သားတွေဟာ ခရီးဝေးတွေကို ကုန်းကြောင်း သွားနေရပါတယ်။  ရွှေ့ပြောင်းအဖွဲ့ အုပ်စုတစုဟာ ကီလိုမီတာ ၂၀၀ ဝေးတဲ့ ဒေလီက အာဂရာမြို့ကို ကုန်းကြောင်း သွားဖို့ ကြံရွယ်နေပါတယ်။  အဲဒီလို ထိန်းချုပ်အစီအမံတွေရဲ့ စီးပွားရေးဟာ ထိခိုက်မှုဟာ အိန္ဒိယနိုင်ငံသား အ တော်များများအတွက် သက်ရောက်မှု ကြီးမားနေပါတယ်။ လန်ချားသမားကနေ ဈေးသည်အထိ ပုံမှန် အိမ်ငှားခ မပေးနိုင်တဲ့ သူတို့ မိသားစုအိမ်တွေဆီ မဖြစ်မနေ ပြန်နေရပါတယ်။  အဲဒီလို ကျေးလက်ဒေသတွေဆီ အလုံးအရင်း သွားရောက်တာက ကျန်းမာရေး စောင့်ရှောက်မှု အားနည်းတဲ့ ဒေသတွေမှာ ဗိုင်းရပ်စ် ကူးစက်တာကို မြန်ဆန်စေတယ်လို့  ကျန်းမာရေး ကျွမ်းကျင်သူတွေက ဆိုပါတယ်။  အလုပ်သမားအခွင့်အရေးလှုပ်ရှားမှု အဖွဲ့တဖွဲ့ အဆိုအရ အိန္ဒိယနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သား သန်း ၁၂၀ လောက် ရှိတယ်လို့ သိရပါတယ်။  ဒီနေ့ညနေအထိ အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၉၃ ဦးနဲ့ သေဆုံးသူ ၁၃ ဦး ရှိပါတယ်။ ဒါဟာ တရုတ်၊ အီတလီ ၊ စပိန် တို့နဲ့ နှိုင်းယှဉ်ရင် မပြောပလောက်ပါဘူး။  ဒါပေမဲ့ ကမ္ဘာ့ဒုတိယ လူဦးရေ အများဆုံး နိုင်ငံအနေနဲ့ တင်းကျပ်တဲ့ အစီအမံတွေကို မလုပ်ဆောင်ရင် အိန္ဒိယဟာ ကူးစက်မှု လှိုင်းတံပိုးကို ရင်ဆိုင်ရနိုင်တယ်လို့ ကျန်းမာရေး ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
11 months Ago
Up