မြန်မာ-ရုရှား

A d v e r t i s e m e n t With Us

December 22, 2020

မြန်မာ-ရုရှား နှစ်နိုင်ငံကြား အာကာသတွင်းလက်နက်တပ်ဆင်မှု ဦးစွာစတင်ခြင်းမပြုရေး လက်မှတ်ထိုး

မြန်မာ-ရုရှား နှစ်နိုင်ငံကြား အာကာသဟင်းလင်းပြင်အတွင်း လက်နက်တပ်ဆင်မှု ဦးစွာစတင်ခြင်း မပြုရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို မကြာသေးခင်က လက်မှတ်ရေးထိုးလိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၁ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ဒီသဘောတူလက်မှတ်ရေးထိုးမှုကိုတော့ မြန်မာနိုင်ငံဘက်က အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Mr. Sergey Lavrov တို့က အဝေးရောက်စနစ်နဲ့ လက်မှတ်ရေးထိုးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ပူးတွဲကြေညာချက်အရ မြန်မာ-ရုရှား နှစ်နိုင်ငံလုံးအနေနဲ့ အာကာသဟင်းလင်းပြင်အတွင်း ဘယ်လိုအကြောင်းနဲ့မှ ဦးစွာလက်နက်တပ်ဆင်မှာ မဟုတ်ကြောင်းနဲ့  အာကာသဟင်းလင်းပြင်ကို စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်တဲ့နေရာ ဖြစ်မလာစေရေးနဲ့  အာကာသဟင်းလင်းပြင်အတွင်း လုပ်ဆောင်ချက်တွေမှာ လုံခြုံမှုရှိစေရေးတို့အတွက် အတတ်နိုင်ဆုံး ကြိုးပမ်းသွားမှာဖြစ်ကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၈ ရက်မှာ ရုရှားနိုင်ငံ(ယခင်ဆိုဗီယက်ပြည်ထောင်စု)နဲ့ သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့တာမို့ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးဟာ အခုနှစ်မှာ ၇၂ နှစ် ပြည့်မြောက်ခဲ့ပြီး ဖြစ်ပါတယ်။
2 months Ago
Up