မြန်မာ ယူ-၁၆

September 19, 2019

အာရှယူ-၁၆ ခြေစစ်ပွဲတွင် မြန်မာ ယူ-၁၆ အသင်း ထိုင်းအသင်းကို ၄ ဂိုးပြတ်ရှုံးနိမ့် 

မနေ့ညက ရန်ကုန် သုဝဏ္ဏကွင်းမှာ ကန်သွားတဲ့ အာရှယူ-၁၆ ခြေစစ်ပွဲ အုပ်စု (ကေ)ပွဲစဉ်မှာ  မြန်မာယူ-၁၆ အသင်းက ထိုင်းယူ-၁၆ အသင်းကို ၄ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။  မြန်မာအသင်းနဲ့ ထိုင်းအသင်း ခြေစွမ်းကွာဟမှု ကြီးမားတာကို အရှိအတိုင်း လက်ခံရမယ်လို့ မြန်မာယူ- ၁၆ နည်းပြ ဦးမင်းသူက ပွဲအပြီးမှာ ပြောပါတယ်။  ထိုင်းယူ-၁၆အသင်းရဲ့ စပိန်နည်းပြ ဗာလီရိုဂါစီယာကတော့ သူတို့ အသင်းကို တနှစ်ခွဲလောက် လေ့ကျင်ပြင်ဆင်ခဲ့သလို ဥရောပထွက်ပြီး ပြိုင်ပွဲတွေ ကစားခဲ့လို့ ခြေစွမ်းပြနိုင်ခဲ့ပြီး ယူ-၁၇ ကမ္ဘာ့ဖလားဝင်ပြိုင်ခွင့်ရဖို့အထိ မျှော်မှန်းထားတဲ့အသင်းဖြစ်တယ်လို့ ပြောပါတယ်။ မြန်မာယူ-၁၆ အသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် စက်တင်ဘာ၂၀ရက်မှာ တောင်ကိုရီးယား၊ စက်တင်ဘာ၂၂ မှာ တရုတ်တိုင်ပေအသင်းနဲ့ ဆက်ပြီးကစားရမှာဖြစ်ပါတယ်။ မနေ့ညနေက ကန်သွားတဲ့ တောင်ကိုရီးယားနဲ့ တရုတ်တိုင်ပေအသင်းတို့ ပွဲစဉ်မှာတော့ တောင်ကိုရီးယားက ၁၀ ဂိုးပြတ်အနိုင်ရသွားပါတယ်။ အာရှယူ-၁၆ ခြေစစ်ပွဲ အုပ်စု (ကေ)ပွဲစဉ်တွေကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေတာဖြစ်ပါတယ်။ =================== အာရွယူ-၁၆ ေျခစစ္ပြဲတြင္ ျမန္မာ ယူ-၁၆ အသင္း ထိုင္းအသင္းကို ၄ ဂိုးျပတ္ရႈံးနိမ့္ လႊမ္းမိုးေအာင္ မေန႔ညက ရန္ကုန္ သုဝဏၰကြင္းမွာ ကန္သြားတဲ့ အာရွယူ-၁၆ ေျခစစ္ပြဲ အုပ္စု (ေက)ပြဲစဥ္မွာ  ျမန္မာယူ-၁၆ အသင္းက ထိုင္းယူ-၁၆ အသင္းကို ၄ဂိုး ဂိုးမရွိနဲ႔ ရႈံးနိမ့္သြားပါတယ္။ ျမန္မာအသင္းနဲ႔ ထိုင္းအသင္း ေျခစြမ္းကြာဟမႈ ႀကီးမားတာကို အရွိအတိုင္း လက္ခံရမယ္လို႔ ျမန္မာယူ- ၁၆ နည္းျပ ဦးမင္းသူက ပြဲအၿပီးမွာ ေျပာပါတယ္။ ထိုင္းယူ-၁၆အသင္းရဲ႕ စပိန္နည္းျပ ဗာလီ႐ိုဂါစီယာကေတာ့ သူတို႔ အသင္းကို တႏွစ္ခြဲေလာက္ ေလ့က်င္ျပင္ဆင္ခဲ့သလို ဥေရာပထြက္ၿပီး ၿပိဳင္ပြဲေတြ ကစားခဲ့လို႔ ေျခစြမ္းျပႏိုင္ခဲ့ၿပီး ယူ-၁၇ ကမာၻ႔ဖလားဝင္ၿပိဳင္ခြင့္ရဖို႔အထိ ေမွ်ာ္မွန္းထားတဲ့အသင္းျဖစ္တယ္လို႔ ေျပာပါတယ္။ ျမန္မာယူ-၁၆ အသင္းဟာ အုပ္စုဒုတိယပြဲစဥ္အျဖစ္ စက္တင္ဘာ၂၀ရက္မွာ ေတာင္ကိုရီးယား၊ စက္တင္ဘာ၂၂ မွာ တ႐ုတ္တိုင္ေပအသင္းနဲ႔ ဆက္ၿပီးကစားရမွာျဖစ္ပါတယ္။ မေန႔ညေနက ကန္သြားတဲ့ ေတာင္ကိုရီးယားနဲ႔ တ႐ုတ္တိုင္ေပအသင္းတို႔ ပြဲစဥ္မွာေတာ့ ေတာင္ကိုရီးယားက ၁၀ ဂိုးျပတ္အႏိုင္ရသြားပါတယ္။ အာရွယူ-၁၆ ေျခစစ္ပြဲ အုပ္စု (ေက)ပြဲစဥ္ေတြကို ျမန္မာႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံ က်င္းပေနတာျဖစ္ပါတယ္။
2 years Ago
Up