မြန်မာ နယ်စပ်

January 26, 2020

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေး

မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးအချက်အချာမြို့ ဖြစ်တဲ့ ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့မှာလည်း ထိုင်းနိုင်ငံဘက်ကနေ ဝင်ရောက်လာသူတွေကို ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး စစ်ဆေးမှုနေတယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။ စစ်ဆေးရာမှာ တရုတ်နိုင်ငံသားတွေကို အဓိကထားပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။  နယ်စပ်ဝင်ပေါက်ကနေ ဝင်လာသမျှ နိုင်ငံခြားသားတွေကို ကိုယ်ပူချိန်တိုင်းတာ စစ်ဆေးတာတွေကို ဆောင်ရွက်နေတယ်လို့ နယ်စပ်မှာ တာဝန်ကျနေတဲ့ ကျန်းမာရေးဝန်ထမ်းတဦးက ပြောပါတယ်။  မနက်ပိုင်းမှာ လူ ၇၀ လောက်ကို စစ်ဆေးခဲ့ပြီး သံသယဖြစ်စရာ မတွေ့ရှိရသေးဘူးလို့ ပြောပါတယ်။ သံသယလူနာတွ့ရှိခဲ့ရင် ဆေးရုံကို ချက်ချင်းတင်ပို့နိုင်အောင် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။  ထိုင်းနယ်စပ်ကနေ မြန်မာနိုင်ငံကို နေ့စဉ် ဝင်ရောက်သူ ၁ ထောင်နီးပါးရှိပြီး ပုံမှန်အတိုင်း ဝင်ထွက်သွားလာမှုတွေ ရှိနေပါတယ်။  တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့ကနေ စတင်ကူးစက်တဲ့ ပြင်းထန်အဆုတ်ရောင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ဇန်နဝါရီ ၂၅ ရက်ထိ စာရင်းအရ စုစုပေါင်း ၅၆ ယောက် ဖြစ်သွားပါပြီ။ တရုတ်နိုင်ငံတလွှား ကူးစက်ခံဦးရေ အယောက် ၂ ထောင်နီးပါး ရှိနေပြီလို့ သိရပါတယ်။
1 year Ago
Up