မြန်မာ-ထိုင်း

October 21, 2021

မြန်မာ-ထိုင်းနယ်စပ် ဖုတ်ဖရမြို့နယ်တွင် အထူးလုံခြုံရေးစနစ်တစ်ခု စတင်

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တောင်ဘက် ဝေါ်လေမြိုင်မြို့နယ်ခွဲ တစ်ဘက်ကမ်း ဖုတ်ဖရမြို့မှာ သီတင်းကျွတ်ပွဲတော်အတွင်း အထူးလုံခြုံရေးစနစ်တစ်ခု အောင်တိုဘာ ၂၀ ရက်နေ့က စတင်ပြုလုပ်နေပါတယ်။

အထူးလုံခြုံရေးစနစ်ကတော့ မြန်မာ-ထိုင်းနယ်စပ်က ဝင်ရောက်လာမယ့် တရားမဝင် ဥပဒေမဲ့မူးယစ်ဆေးတွေ၊ လူမောင်ခိုမှု၊ လုယက်မှုနဲ့ ခိုးမှုတွေကို အောင်တိုဘာ ၂၀ ရက်ကနေ ၃၁ ရက်ထိ ဖုတ်ဖရမြို့နယ်ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးမှူးအဖွဲ့၊ ထိုင်းစစ်တပ်နဲ့ တခြားဌာနတွေ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ သိရကြောင်း ဖုတ်ဖရ ဒေသခံတဦးက ပြောပါတယ်။

ဖုတ်ဖရမြို့ဟာ အိမ်နီးချင်း မြန်မာနိုင်ငံနဲ့နီးစပ်နေတာကြောင့် ကိုဗစ်-၁၉ ကာကွယ်ရေး အတွက်လည်း အဓိကအရေးကြီးပြဿနာတခု ဖြစ်နေတယ်လို့ သိရပါတယ်။

လက်ရှိပြုလုပ်တဲ့ အထူးလုံခြုံအစီအစဉ်ဟာ မြန်မာနိုင်ငံဘက်က တရားမဝင် ခိုးဝင်မယ့် ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေကို ဖမ်းဆီးနိုင်ရေးအတွက်လည်း ပါရှိတယ်လို့ ဆိုပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့မှာလည်း အထူးလုံခြုံရေးစနစ် စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။

5 days Ago

January 24, 2021

မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားအမှတ် ၂ ပေါ်မှ မြန်မာယာဉ်မောင်း ၁ ဦး ခုန်ချသေဆုံး

မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားအမှတ် ၂ ပေါ်ကနေ မြန်မာယာဉ်မောင်းတစ်ဦး ခုန်ချသေးဆုံးမှု ဖြစ်ခဲ့တယ်လို့ မြဝတီမြို့မ ရဲစခန်းက သိရပါတယ်။ ထိုင်းနိုင်ငံထုတ်ကုန် မုန့်မျိုးစုံကို မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ် ၂ ကနေ ထိုင်းနိုင်ငံဘက် သွားရောက်သယ်ယူပြီး မြဝတီမြို့အပြန်မှာ ဇန်နဝါရီ ၂၃ ရက်နေ့ ၁၂ နာရီ ကျော်လောက်က အမြင့်ပေ ၅၀ လောက်ရှိ တံတားပေါ်ကနေ သောင်ရင်းမြစ်ထဲ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တာလို့ ဆိုပါတယ်။ သေဆုံးသူ ကိုထူး အသက် ၃၆ နှစ်ဟာ မြဝတီမြို့ အမှတ် ၄ ရပ်ကွက် ရွှေမြဝတီစျေးအရှေ့ မှာ နေထိုင်သူဖြစ်ပြီး ရုပ်အလောင်းကို ထိုင်းနဲ့မြန်မာတာဝန်ရှိသူတွေက သောင်ရင်းမြှစ်ထဲက ဆယ်ယူပြီး မြဝတီမြို့ ဆေးရုံကြီးမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ မဲဆောက်မြို့စျေးကြီးအနီးမှာ ဇန်နဝါရီလ ၂၃ ရက်နေ့ကလည်း ရွှေ့ပြောင်းမြန်မာပြည်သားအချင်းချင်း ဓားထိုးမှုကြောင့် တစ်ဦးသေဆုံးခဲ့ပါတယ်။
9 months Ago
More News
Up