အရှေ့တောင်အာရှ အားကစား ဆီးဂိမ်း ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်နေတဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ နိုင်ငံတကာခြေစမ်းပွဲအဖြစ် တရုတ်တိုင်ပေ အမျိုးသမီးအသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၂၀ ရက် ညနေ ၄ နာရီ ဗဟန်းမြက်ခင်းတုကွင်းမှာ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
လာရောက်အားပေးမယ့် ပရိသတ်တွေအနေနဲ့ ကွင်းဝင်ကြေး အခမဲ့ ဝင်ရောက် အားပေးနိုင်တယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဉီးဝင်းသူမိုး ဦးဆောင်ပြီး ကစားသမား အယောက် ၂၀ နဲ့ သွားရောက်ယှဉ်ပြိုင်မယ်လို့ ဆိုပါတယ်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအပြီးသတ် အယောက် ၂၀ စာရင်း–
ဂိုး - မေဇင်နွယ်၊ မြဖူးငုံ
နောက်တန်း - အိရတနာဖြိုး၊ အေးအေးမိုး၊ ဝေဝေအောင်၊ ချစ်ချစ်၊ ခင်သန်းဝေ၊ ခိုင်သဇင်၊ ဖြူဖြူ၀င်း
အလယ်တန်း - ခင်မာလာထွန်း၊ ခင်မိုမိုထွန်း၊ သင်းသင်းယု၊ နုနု၊ ခင်မိုးဝေ၊ ငယ်ငယ်ထွေး၊ မြတ်နိုးခင်၊
ရှေ့တန်း - ၀င်းသိင်္ဂီထွန်း၊ ရီရီဦး၊ ဂျူလိုင်ကျော်၊ စန်းသော်သော်
3 years Ago