မြန်မာ့မီးရထား

February 9, 2021

မြန်မာ့မီးရထားဝန်ထမ်းများ သပိတ်မှောက်

စစ်အာဏာရှင်အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ပြုလုပ်တဲ့   အကြမ်းမဖက် အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု (CDM) မှာ ရန်ကုန်မြို့က  မီးရထားဝန်ထမ်းတွေလည်း ပူးပေါင်းပါဝင် သပိတ်မှောက်နေကြပါတယ်။

အကြမ်းမဖက်  အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ နိုင်ငံတဝန်းက ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဆရာမတွေ၊ ဘဏ်ဝန်ထမ်းတွေ၊ ရှေ့နေတွေ၊ မီးရထားဝန်ထမ်းတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ စတဲ့ ပြည်သူ့ဝန်ထမ်းတွေ ပူးပေါင်းပါဝင်ပြီး ဆန္ဒဖော်ထုတ်နေကြတာလည်း ဖြစ်ပါတယ်။

8 months Ago

March 22, 2020

မြန်မာ့မီးရထား၏ သက်တမ်းရင့်လူစီးတွဲများအား ကိုရီးယားလူစီးတွဲများဖြင့် အစားထိုးမည်

မြန်မာ့မီးရထားမှာ လက်ရှိ ပြေးဆွဲနေတဲ့ လူစီးတွဲတွေထဲက သက်တမ်းရင့် အတွဲတွေကို ကိုရီးယားနိုင်ငံက ရောက်ရှိမယ့် လူစီးတွဲတွေနဲ့ အစားထိုးသွားမယ်လို့ သိရပါတယ်။  ကိုရီးယားနိုင်ငံ ချေးငွေနဲ့ လုပ်ဆောင်တဲ့ လူစီးတွဲ ၁၀၀ စီမံကိန်းကနေ ရောက်ရှိမယ့် လူစီးတွဲတွေနဲ့ အစားထိုးသွားမှာပါ။ အဲ့ဒီစီမံကိန်းမှာ အဲယားကွန်းပါ အထက်တန်း လူစီးတွဲ ၂၀၊ အဲယားကွန်းမပါ အထက်တန်း လူစီးတွဲ ၂၀  နဲ့ ရိုးရိုးတန်းတွဲ ၆၀ တို့ ပါဝင်ပြီး မကြာခင်မှာ အဲယားကွန်းမပါ အထက်တန်း လူစီးတွဲ ၂၀ ရောက်ရှိမယ်လို့ ဆိုပါတယ်။  ရောက်ရှိလာတဲ့ လူစီးတွဲတွေကို မြန်မာနိုင်ငံတွင်းမှာ ကိုရီးယားအင်ဂျင်နီယာတွေနဲ့ မြန်မာအင်ဂျင်နီယာတွေ ပူးပေါင်းပြီး မြစ်ငယ်မှာ တည်ဆောက်သွားမယ်လို့ မြန်မာ့မီးရထား တာဝန်ရှိသူတဦးက ပြောပါတယ်။  ကိုရီးယားနိုင်ငံ ချေးငွေနဲ့ လုပ်ဆောင်တဲ့ လူစီးတွဲ ၁၀၀ စီမံကိန်းမှာ ပထမဆုံး ရောက်ရှိလာတဲ့ အဲယားကွန်းပါ အထက်တန်း လူစီးတွဲ ၂၀ ကို မန္တလေး-မြစ်ကြီးနားလမ်းပိုင်းမှာ  မတ် ၂၁ ရက်နေ့က စတင်ပြေးဆွဲနေပါတယ်။ “အရင်တုန်းက ဒီလောက် အတွဲမသန့်ဘူး၊ ခုံတွေလည်း ဒီလောက်မကောင်းဘူး”လို့ မန္တလေး-မြစ်ကြီးနားသွား ခရီးသည်တဦးက ပြောပါတယ်။ 
2 years Ago
Up