မြန်မာ့ဒီမိုကရေစီရေး

April 7, 2022

မြန်မာပြည်သူများကို ထောက်ခံအားပေးကြောင်း ဆီးနိတ်အမတ် မစ်ချ်မက်ကောနဲလ် ပြော

ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ ဒီမိုကရေစီရေးအတွက် ကာလရှည်ကြာ ရုန်းကန်နေရတဲ့ မြန်မာပြည်သူတွေဟာ ထောက်ခံအားပေးဖို့ ထိုက်တန်ပါတယ်လို့ အမေရိကန် ဆီးနိတ်လွှတ်တော်ရဲ့ ရီပတ်ပလေကန် ခေါင်းဆောင် မစ်ချ်မက်ကောနဲလ်က ပြောကြားလိုက်ပါတယ်။

မနေ့က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမတ်စ်ဗစ်ဂျ်ဒါနဲ့ တွေ့ဆုံရာမှာ ခုလို ပြောဆိုလိုက်တာပါ။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ နိုင်ငံရေးအတိုက်အခံတွေကို ဖိနှိပ်ဖို့ အကြမ်းဖက်လုပ်ရပ်တွေ ပိုလုပ်လာပြီး သူ့ရဲ့မိတ်ဆွေ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သြစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနာတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ထောင်ပေါင်းများစွာကို ချုပ်နှောင်ထားတဲ့အကြောင်းလည်း ပြောပါတယ်။

မကြာသေးခင်က အတည်ပြုခဲ့တဲ့ NDAA ဥပဒေမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ NUCC တို့ကို ထောက်ခံအားပေးဖို့ လူသားချင်းစာနာမှု အကူအညီပေးနိုင်ဖို့တွေ ထည့်သွင်းပေးနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်တဲ့ အကြောင်းလည်း မစ်ချ်မက်ကောနဲလ်က ပြောဆိုခဲ့ပါတယ်။

မစ်ချ်မက်ကောနဲလ်ဟာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကို ဆယ်စုနှစ်တွေနဲ့ချီပြီး အားပေးထောက်ခံခဲ့တဲ့ ဆီးနိတ်လွှတ်တော် အမတ်တယောက်လည်း ဖြစ်ပါတယ်။

4 months Ago

November 19, 2021

အီတလီနိုင်ငံ ပါးမားမြို့တွင် မြန်မာ့ဒီမိုကရေစီရေး ဆန္ဒထုတ်ဖော်

အီတလီနိုင်ငံ၊ ပါးမားမြို့မှာ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေ၊ ဆွေးနွေးပွဲတွေနဲ့  ဆန္ဒထုတ်ဖော်ပွဲတွေကို နိုဝင်ဘာ ၁၅ ရက်မှ ၁၈ ရက်အထိ ပြုလုပ်ခဲ့ပါတယ်။

နိုဝင်ဘာလ ၁၈ ရက်နေ့မှာ  မြန်မာ့အရေး အောက်မေ့ဖွယ်ရာ၊ တာဝန်ကျေပွန်မှု ခေါင်းစဥ်နဲ့ ပါးမါးမြို့ Ginnasio Gian Domenico Romagnosi အထက်တန်းကျောင်းမှ ကျောင်းသူ၊ ကျောင်းသားတွေ ဦးဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ 

ဆန္ဒထုတ်ဖော်ပွဲမှာပါဝင်တဲ့ မသူဇာလင်းက “ စစ်အာဏာသိမ်းမှုအပြီး အီတလီရောက်မြန်မာတွေ စုစည်းအားနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး၊ တော်လှန်ရေးကို အစဥ်တစိုက် ပန်းတိုင်ရောက်တဲ့အထိ ကြိုးစားသွားမယ်လို့”  ပြောကြားခဲ့ပါတယ်။

အထက်တန်း နည်းပြဆရာ Federico De Ponti နဲ့ ဒေါက်တာဘွဲ့သင်တန်းသား Stefano Rozzoni တို့ကလည်း တော်လှန်ရေး ကဗျာဆရာ၊ ဆရာမတွေ သတ်ဖြတ်နှိပ်စက်ခံရတဲ့ အကြောင်းတွေ  ဝေမျှကာ သူတို့ရဲ့ တော်လှန်ရေးကဗျာတွေကို အီတလီဘာသာသို့ ပြန်ဆို ဖတ်ကြားခဲ့ကြပါတယ်။ 

အီတလီ-မြန်မာချစ်ကြည်ရေးအသင်း၊ ပါးမားမြို့အခြေစိုက်အဖွဲ့အစည်းတွေနဲ့ အီတလီရောက် မြန်မာအသိုက်အဝန်းက ပုဂ္ဂိုလ်တွေ ပူးပေါင်းပါဝင်ကာ အီတလီနိုင်ငံရဲ့ တော်လှန်ရေး အမှတ်တရနေရာတွေ၊ ၂၀၁၃ ခုနှစ်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့တဲ့  ပါးမါးမြို့နေရာတွေကို  သွားရောက်ခဲ့ကြပြီး  လူထုခေါင်းဆောင်ရဲ့  အမှတ်တရ စကားတွေ၊ မိန့်ခွန်းတွေကို ဖတ်ကြား ဝေမျှခဲ့တယ်လို့လည်း သိရပါတယ်။ 

9 months Ago
More News
Up