မြန်မာ့စီးပွားရေးဘဏ်ခွဲ

May 7, 2021

စစ်ကိုင်း မြန်မာ့စီးပွားရေးဘဏ်ခွဲ မီးကွင်းပစ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့မှာရှိတဲ့  မြန်မာ့စီးပွားရေးဘဏ်ခွဲကို  မေလ ၆ ရက် မနေညပိုင်းက မီးကွင်းနဲ့ အပစ်ခံခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။  

“ကျနော်တို့ စစ်ကိုင်းမြို့ မြန်မာ့စီးပွားရေးဘဏ်ကို မနေ့ည ၈ နာ ရီ လောက်မှာ မီးကွင်းပစ်ခံရတယ်။ မီးကွင်း ၁၀ ကွင်းလောက်ရှိတယ်။”လို့ စစ်ကိုင်း ပိုးတန်းရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောပါတယ်။

မီးကွင်းတွေကို အချိန်မီ မီးငြှိမ်းသတ်နိုင်ခဲ့တဲ့အတွက် လူတွေထိခိုက်မှုမရှိသလို ပစ္စည်းတွေဆုံးရှုံးမှုတွေလည်း ကြီးကြီးမားမားမရှိခဲ့ပါဘူး။

7 months Ago
Up