မြန်မာ့ကမ်းလွန်

October 31, 2020

မြန်မာ့ကမ်းလွန်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေ၊ ပြည်နယ်နှင့်တိုင်းအချို့ မိုးထစ်ချုန်းရွာနိုင်

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း မြန်မာ့ကမ်းလွန်မှာ လေဖိအားနည်းရပ်ဝန်း တစ်ခု ဖြစ်ပေါ်နေပြီး အဲဒီအရှိန်ကြောင့် နေရာအနှံ့မိုးထစ်ချုန်းရွာနိုင်တယ်လို့  မိုး/ဇလက သတင်းထုတ်ပြန်ပါတယ်။ လတ်တလောမှာတော့ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနဲ့အနောက်အလယ်ပိုင်း တို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့် အတင့်မှ တိမ်ထူထပ်နေတယ်လို့ သိရပါတယ်။ မနက်ဖြန်မနက်ပိုင်းထိခန့်မှန်းချက်အရ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ရှမ်းနဲ့ကယားပြည်နယ်တွေမှာ နေရာကျဲကျဲ၊ မကွေး၊ပဲခူးတိုင်းနဲ့ကချင်၊ ကရင်နဲ့ မွန်ပြည်နယ်တွေမှာ နေရာစိပ်စိပ် မိုးရွားသွန်းနိုင်သလို ကျန်တိုင်းနဲ့ပြည်နယ်တွေမှာလည်း နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။ အထူးသဖြင် စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့မကွေးတိုင်းဒေသတို့မှာ နေရာကွက်ပြီး မိုးကြီး နိုင်ကာ  ရွာရန်ရာနှုန်း ၈၀ ထိရှိနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မြန်မာ့ပင်လယ်ပြင်မှာတော့ မြစ်ဝကျွန်းပေါ်၊ရခိုင်ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်း ကျကာ လှိုင်းအသင့်အတင့်မှ လှိုင်းကြီး နိုင်သလို မိုးသက်လေပြင်း ကျစဉ်မှာလည်း ရေပြင်/မြေပြင်လေဟာ  တစ်နာရီ ၃၅ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ သိရပါတယ်။ လက်ရှိဖြစ်နေပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ နောက် ၄၈ နာရီအတွင်း ဘင်္ဂလားဒေ့ရှ် ကမ်းခြေကို ရွေ့လျားနိုင်တယ်လို့ ခန့်မှန်းရကြောင်းလည်း မိုး/ဇလက သတင်းထုတ်ပြန်ပါတယ်။
1 year Ago
Up