မြန်မာအသင်း

February 7, 2020

အိုလံပစ်ခြေစစ်ပွဲတွင် မြန်မာ့အမျိုးသမီးအသင်း ဗီယက်နမ်ကို ရှုံးနိမ့်

၂၀၂၀ အိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ တတိယအဆင့် အုပ်စု (က) နောက်ဆုံးပွဲစဉ်အဖြစ် မနေ့ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာအသင်းက ဗီယက်နမ်ကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ နောက်တဆင့်တက်ရောက်နိုင်ရေးအတွက် မြန်မာနဲ့ ဗီယက်နမ်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး ပွဲချိန် ၆၂ မိနစ်မှာ ဗီယက်နမ်တိုက်စစ်မှူး Ngan Thi Van SU သွားယူခဲ့တဲ့ဂိုးနဲ့ ဗီယက်နမ်က အနိုင်ရရှိခဲ့တာပါ။ ၂၀၂၀ အိုလံပစ် အမျိုးသမီး အိုလံပစ်ခြေစစ်ပွဲ တတိယအဆင့် အုပ်စု (က) မှာ မြန်မာ၊ တောင်ကိုရီးယား၊ ဗီယက်နမ်အသင်းတို့ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာအသင်းဟာ တပွဲမှ နိုင်ပွဲမရရှိခဲ့တာကြောင့် တောင်ကိုရီးယား၊ ဗီယက်နမ်အသင်းတို့ အိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်အတွက် နောက်ဆုံးကစားရမယ့် ၄ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ဂိုးသမား မြဖူးငုံက "ကျနော်တို့အသင်းကစားသမားတွေ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ဒီလိုပွဲတွေမှာ အာရုံစိုက်မှုတချက်လွတ်သွားတာနဲ့ ဂိုးပေးရတဲ့အခြေအနေကို ရောက်သွားပါတယ်။ ဂိုးပေးပြီးနောက်ပိုင်းမှာ ချေပဂိုးပြန်သွင်းနိုင်ဖို့ အကောင်းဆုံး ကြိုးစားခဲ့ပေမဲ့ ဗီယက်နမ်အသင်းခံစစ်က အကောင်းဆုံးကစားသွားနိုင်လို့ ပွဲအပြီးမှာ ၁-၀ ဂိုးရလဒ်ပဲ အဆုံးသတ်ခဲ့တာပါ" လို့ ပွဲအပြီး ပြောကြားခဲ့တယ်လို့ မြန်မာဘောလုံးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
1 year Ago

February 3, 2020

မြန်မာအသင်းက အင်အားအနည်းဆုံးဖြစ်ပေမယ့် ကျနော်တို့ အစွမ်းကုန်ကြိုးစားမှာပါ - ဦးခင်မောင်ထွေး

၂၀၂၀ အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ တတိယအဆင့် အုပ်စု (က) အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို တောင်ကိုရီးယားနိုင်ငံ၊ ဂျယ်ဂျူကျွန်းမှာ ကျင်းပြုလုပ်ခဲ့တယ်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် တောင်ကိုရီးယားနဲ့ ဖေဖော်ဝါရီ ၃ ရက် မြန်မာစံတော်ချိန် ညနေ ၄:၃၀ နာရီ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် အာဆီယံပြိုင်ဘက် ဗီယက်နမ်အသင်းနဲ့ ဖေဖော်ဝါရီ ၆ ရက် မြန်မာစံတော်ချိန် ညနေ ၄:၃၀ နာရီ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ ဦးခင်မောင်ထွေး (မြန်မာ အမျိုးသမီးအသင်း လက်ထောက်နည်းပြ) “ဒီအဆင့်အထိ တက်လာနိုင်ခဲ့တဲ့အတွက် ဝမ်းသာတယ်။ နောက်တဆင့် တက်နိုင်ရေး အကောင်းဆုံး ကြိုးစားမယ်။ ဒီပြိုင်ပွဲအတွက် ဆီးဂိမ်းစ်အပြီးမှာ ၂ လလောက် ပြင်ဆင်ချိန်ရခဲ့ပါတယ်။ မြန်မာအသင်းက ဒီထဲမှာ အင်အားအနည်းဆုံးဖြစ်ပေမယ့် ကျနော်တို့ လုပ်နိုင်သလောက် အစွမ်းကုန် ကြိုးစားသွားမှာပါ။ ဗီယက်နမ်၊ တောင်ကိုရီးယားအသင်းတွေရဲ့ အနီးစပ်ဆုံးပြိုင်ပွဲက ကစားခဲ့တာ‌တွေကို လေ့လာထားပါတယ်။” Mai Dau Chung (ဗီယက်နမ် အမျိုးသမီးအသင်း နည်းပြချုပ်) “ဒီအဆင့်မှာရောက်နေတဲ့ အသင်းအားလုံးက တောင့်တင်းတဲ့အသင်းတွေပါ။ တောင်ကိုရီးယားက အာရှ အင်အားကြီးအသင်းဖြစ်သလို မြန်မာအသင်းကလည်း ပြီးခဲ့တဲ့ SEA Games မှာ ပုံစံကောင်းတခုရှိနေတဲ့ အသင်းပါ။ ပြိုင်ဘက်အားလုံးကို လေးလေးစားစားနဲ့ ယှဉ်ပြိုင်သွားမှာပါ။” Colin Bell (တောင်ကိုရီးယား အမျိုးသမီးအသင်း နည်းပြချုပ်) “ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ။ အသင်းမှာ ကစားသမားကောင်းတွေ ရှိတာဖြစ်လို့ ကောင်းမွန်တဲ့ ကစားပုံမျိုးကို ပြနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အသင်းခေါင်းဆောင် Cho So Hyun အနေနဲ့ ဒဏ်ရာပြဿနာ ရှိနေပါတယ်။ ပြီးခဲ့တဲ့ လတွေကတည်းက မြန်မာ၊ ဗီယက်နမ် ကစားသမားတွေရဲ့ ကစားပုံတွေကို အသေးစိတ် လေ့လာထားပါတယ်။ လုံလောက်တဲ့ ပြင်ဆင်မှုမျိုး လုပ်ထားပါတယ်။ လေ့လာထားပါတယ်။ လုံလောက်တဲ့ ပြင်ဆင်မှုမျိုး လုပ်ထားပါတယ်။”
1 year Ago
More News
Up