မြန်မာအဖွဲ့စည်း ၂၆ ဖွဲ့

September 18, 2021

NUG အစိုးရ ကိုယ်စားလှယ်နှင့် ကိုရီးယားအခြေစိုက် မြန်မာအဖွဲ့စည်း ၂၆ ဖွဲ့ ပူးပေါင်း

NUG အစိုးရက ခန့်အပ်ထားတဲ့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်နဲ့ ကိုရီးယားအခြေစိုက် မြန်မာအဖွဲ့အစည်း ၂၆ ဖွဲ့ ပူးပေါင်းလိုက်တယ်လို့ ​သတင်းထုတ်ပြန်ထားပါတယ်။ 

​မြန်မာကိုယ်စားလှယ်အနေနဲ့ လုပ်ငန်းဆောင်တာများကို လုပ်ကိုင်ရာမှာ အင်အားဖြစ်စေဖို့၊ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးမှာ အဓိကကျတဲ့ ကိုရီးယားနိုင်ငံအခြေစိုက် မြန်မာအဖွဲ့အစည်းများရဲ့ အကြံဉာဏ်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရရှိစေဖို့အတွက် အဖွဲ့တွေနဲ့ ပူးပေါင်းရခြင်းလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလို ပူးပေါင်းဆောင်ရွက်မယ်အဖွဲ့တွေကို “NUG Support Team Korea” လို့ အမည်ပေးထားပါတယ်။

မြန်မာကိုယ်စားလှယ်အ​နေ​နဲ့ NUG Support Team Korea ရဲ့ အဖွဲ့ဝင် အသင်းအဖွဲ့များကို လိုအပ်သလို ထပ်မံတိုးချဲ့ ဖွဲ့စည်းသွားမယ်လို့လည်း ဆက်လက်ထုတ်ပြန်ထားပါတယ်။

1 month Ago
Up