မြန်မာသံဃာတော်များ

September 6, 2021

ထိုင်းရောက် မြန်မာသံဃာတော်များကို ကိုဗစ်-၁၉ ကာကွယ်ဆေး ဦးစားပေးထိုးပေး

ထိုင်းနိုင်ငံမှာ အခြေစိုက် သီတင်းသုံးနေတဲ့ မြန်မာသံဃာတော်တွေကို ထိုင်းနိုင်ငံ ဘုရင်မျိုးနွယ်စုက ပေးအပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ စက်တင်ဘာ ၆ ရက် ဒီနေ့မနက် ထိုင်းကျန်းမာဌာနက စတင်ထိုးပေးနေပါတယ်။

ကိုဗစ်ဗိုင်းရပ် ကာကွယ်ဆေးကို ထိုင်းနိုင်ငံ တာခ်ရိုင်၊ မဲဆောက်မြို့ မယ်တော်တိုက်နယ်မှာ မြန်မာသံဃာတော်နဲ့ ထိုင်းသံဃာတော်တွေ၊ မြန်မာရွှေ့ပြောင်းအလုပ်သမားနဲ့ ထိုင်းပြည်သူ ၄၀၀ ဦးကို ပထမအကြိမ်  အခမဲ့ထိုးပေးပြီး ဒုတိယအကြိမ်ကိုတော့ စက်တင်ဘာ ၂၇ ရက်မှာ ပြန်လည်ထိုးပေးမှာ ဖြစ်ပါတယ်။

မြန်မာ-ထိုင်း နယ်စပ်မှာ ကာကွယ်ဆေးတွေ အမျိုးအစားများစွာ ထွက်ပေါ်နေပြီး ထိုင်းနိုင်ငံကို လွတ်လပ်စွာ တင်သွင်းခွင့်မရသေးတဲ့အတွက် လုံလောက်မှုမရှိသေးပေမဲ့ ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေအပြင် လူမျိုးမရွေး ထိုးပေးနိုင်ငံမှ ထိုင်းနိုင်ငံအတွက် စီးပွားရေးနဲ့ ထိတွေ့နီးစပ်သူနဲ့ ကိုဗစ်ကူးစက်မှု မစိုးရိမ်ရတော့ဘူးလို့ ကိုဗစ်ဆေး လာထိုးတဲ့  ထိုင်းတိုင်းရင်းသားတစ်ဦးက ဆိုပါတယ်။

ကိုဗစ်ကာကွယ်ဆေးကို ရွှေ့ပြောင်းမြန်မာအလုပ်သမား ၅၀၀၀ နီးပါးကို သြဂုတ် ၁၇ ရက်မှာ စတင်ထိုးပေးခဲ့တာ ဖြစ်ပါတယ်။ ပထမအကြိမ် ကာကွယ်ဆေး ထိုးပြီးတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဟာ စက်တင်ဘာ ၉ ရက်မှာ ဒုတိယအကြိမ် ပြန်လည်ထိုးပေးမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအတွင်း နေထိုင်တဲ့ လူမျိုးအားလုံးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနိုင်ရေးအတွက် တာဝန်ရှိသူတွေက တောင်းဆိုထားတယ်လို့ မဲဆောက်မြို့ မယ်တော်တိုက်နယ်ရပ်ကွက်ဥက္ကဋ္ဌက ပြောပါတယ်။

ဆေးလာထိုးတဲ့သံဃာ ဦးသုဆယ်က “သူပြောတာက ကိုဗစ်ကာကွယ်ဆေးသည် နိုင်ငံခြားသားမှ မဟုတ်ဖြစ်နိုင်ရင်တော့ အားလုံးထိုးပေးရမယ်။ ဒါမှ ဗိုင်းရပ် ကာကွယ်မှာဖြစ်သလို ထိုးရရင်တော့ကျေးဇူးတင်ရမှာပဲ” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံသားတွေသာမက မြန်မာအလုပ်သမားတွေအားလုံးကိုလည်း တဦးမကျန် ကာကွယ်ဆေးထိုးပေးမှသာ ရာခိုင်နှုန်းအပြည့်အကာအကွယ်မပေးနိုင်ပေမယ့် နိုင်ငံစီးပွားရေးလည်း ပြန်လည်တိုးတက်လာမယ်လို့ ကိုဗစ်ဆေးလာထိုးသူ ကိုးဝိက ပြောပါတယ်။

3 months Ago
Up