မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာလုပ်သား ၃ ဦး အောက်စီဂျင်ပြတ် သေဆုံး
Home
မြန်မာလုပ်သား ၃ ဦး အောက်စီဂျင်ပြတ် သေဆုံး
A
d
v
e
r
t
i
s
e
m
e
n
t
With Us
December 30, 2020
1.1K
ထိုင်းနိုင်ငံတွင် လှောင်ကန်ထဲဆင်းသည့် မြန်မာလုပ်သား ၃ ဦး အောက်စီဂျင်ပြတ် သေဆုံး
ထိုင်းနိုင်ငံအလယ်ပိုင်း၊ ချချိန်းဆောင်းခရိုင်ထဲမှာ ဒီဇင်ဘာ ၂၉ ရက်မနက်က လှောင်ကန်ထဲ ဆင်းသွားတဲ့ မြန်မာအလုပ်သမားတွေ အောက်ဆီဂျင်ပြတ်ပြီး ၃ ယောက်သေဆုံးကာ ၁ ယောက် ဒဏ်ရာ ရသွားတယ်လို့ ချနယ်လ် ၈ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။
အဆိုပါ အလုပ်သမားတွေဟာ ချချိန်းဆောင်းမြို့ နခွန်းနိန်းခေတ်ရပ်ကွက်ထဲရှိ စက္ကူရီ ဆိုင်ကယ်လ်စက်ရုံမှာ အလုပ်လုပ်နေတာဖြစ်ပြီး မနေ့ မနက် ၁၁ နာရီလောက်က အသက် ၂၀ နှစ်ရွယ်ရှိ အလုပ်သမားတစ်ယောက်က လှောင်ကန်တိုင်ကီပေါ်တက်ပြီး တိုင်ကီထဲပြုတ်ကျသွားတဲ့ ပိုက်လုံးကို ဆင်းဆယ်ခဲ့တာပါ။
အဆိုပါအလုပ်သမားဟာ တိုင်ကီအောက်ခြေရောက်သွားတဲ့အခါ သတိမေ့လဲကျသွားလို့ နောက်ထပ် လုပ်ဖော်ကိုင်ဘက်အလုပ်သမား ၂ ယောက်က သူ့ကို ကယ်ဆယ်ဖို့ လိုက်ဆင်းသွားစဉ် သူတို့လည်း သတိမေ့သွားကြတယ်လို့ မျက်မြင်သက်သေ အလုပ်သမား တစ်ယောက်က သတင်းထောက်ကို ပြောပါတယ်။
အဲဒီနောက် နောက်ထပ်အလုပ်သမားတစ်ယောက်က သူတို့ကို ကယ်ထုတ်ဖို့ လှောင်ကန် အောက်ခြေအပြင်ဘက်ကနေ လွှနဲ့ဖြတ်ဖောက်လိုက်ကြောင်း၊ ပေါက်သွားတဲ့ လှောင်ကန်နံရံကို ဖွင့်ဟလိုက်ရာမှာ အဆိုပါအလုပ်သမားလည်း မေ့လဲသွားတယ်လို့ ဆိုပါတယ်။
ကံအားလျော်စွာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ အချိန်မီရောက်လာလို့ အပြင်ဘက်ကအ လုပ်သမားက အသက်ဘေးကလွတ်ခဲ့ပေမယ့် အထဲက ၃ ယောက်ကတော့ သေဆုံးသွားပါတယ်။
အဆိုပါ လှောင်ကန်တိုင်ကီကြီးမှာ အမြင့် ၆ မီတာခန့်ရှိပြီး စက္ကူစက်က ထွက်လာတဲ့ အမှိုက်တွေ စွန့်ပြစ်ရာလှောင်ကန်ဖြစ်ကြောင်း၊ အဖုံးမရှိတဲ့အတွက် မိုးရေတွေက ခါးလောက်ထိ အိုင်နေတယ်လို့ စက်ရုံအလုပ်သမားတစ်ယောက်က ပြောပါတယ်။
နယ်မြေခံရဲတပ်ဖွဲ့ကတော့ အဆိုပါတိုင်ကီထဲမှာ အဆိပ်သင့်ဓာတ်ငွေ့ ဒါမှမဟုတ် စွန့်ပစ်စက္ကူက ဓာတုပစ္စည်းတွေ အငွေ့ပျံပြီး အပေါ်ရောက်လာလို့ အောက်စီဂျင်ပြတ်မှုဖြစ်ပြီး အလုပ်သမားတွေ အသက်ရှူလို့မရတော့လို့ သေဆုံးကြတာလို့ ခန့်မှန်းပြောဆိုပါတယ်။
သေဆုံးသွားတဲ့ အလုပ်သမား ၃ ဦးမှာ အသက် ၂၀ နှစ်၊ ၃၀ နှစ် နဲ့ ၃၂ အရွယ်ရှိပြီး မြန်မာအလုပ်သမားတွေဖြစ်ကြောင်း သူတို့အလောင်းကို ထပ်မံဓာတ်ခွဲစစ်ဆေးဖို့အတွက် ချချိန်းဆောင်းခရိုင် ဖုတ်ထဆိုထွဏ်းဆေးရုံကြီးကို ပို့ထားတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဓာတ်ပုံ- Police THAI TV
2 months Ago
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up