မြန်မာလုပ်သား ၃၅ ဦး

June 17, 2021

ထိုင်းနိုင်ငံကို တရားမဝင်လာရောက်သည့် မြန်မာလုပ်သား ၃၅ ဦး မဲဆောက်တွင် အဖမ်းခံရ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၃၅ ယောက်ကို ဇွန်လ ၁၇ ရက် ဒီမနက် ၃ နာရီလောက်မှာ ထိုင်းလုံခြုံရေးတပ်ဖွဲ့က  ဖမ်းဆီးလိုက်ပါတယ်။

အဆိုပါလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့အတွက် မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံမဲဆောက်မြို့ကို သဘာဝဂိတ်မှ ဝင်ရောက်လာကြတာပါ။

မဲဆောက်မြို့ ထပ်ဆိုင်လွတ်ကျေးရွာ ရပ်ကွက်(၇)မှာ ထိုင်းစစ်တပ်က လုံခြုံရေးကင်းလှည့်နေချိန်  ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကိုတွေ့ရှိလို့  ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

မြန်မာ-ထိုင်းနယ်စပ်မှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုတွေကို တားဆီးနှိမ်နင်းရေးအတွက် နယ်စပ် သဘာဝဂိတ်ပေါက်တွေကို ထိုင်းအစိုးရက လုံခြုံရေးနည်းမျိုးစုံနဲ့ တင်းကျပ်ထားပါတယ်။

ဖမ်းဆီးရမိထားသူတွေကိုတော့ ကျန်းမာရေး ကိုယ်ပူချိန်တိုင်းပြီး သက်ဆိုင်ရာ လဝကထံ လွှဲပြောင်းပေးကာ ထိုင်းနိုင်ငံရဲ့ တရားဥပဒေ အတိုင်းအရေးယူဆောင်ရွက်သွားဖို့ ရှိပါတယ်။

7 months Ago
Up