မြန်မာရေပိုင်နက်

March 29, 2022

မြန်မာရေပိုင်နက်အတွင်း ငါးခိုးဖမ်းသည့် ထိုင်း ၂ ဦးကို ဖမ်းဆီး ပြန်လွှတ်ပေးမည်

မြန်မာရေပိုင်နက်အတွင်း ခိုဆောင်ကျွန်းအနီး ငါးခိုးဖမ်းနေတဲ့ ထိုင်းရေလုပ်သား နှစ်ယောက်ကို မြန်မာရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းနိုင်ငံ ရေကြောင်းထိန်းသိမ်းရေးကွပ်ကဲမှု ဗဟိုဌာန က မတ်လ ၂၈ ရက်မှာ ပြောကြားခဲ့ပါတယ်။

အဖမ်းခံရတဲ့ အသက် ၅၃ နှစ်အရွယ်  ဆူဒန်ဒါအော့ဒ်နဲ့ အသက် ၄၄ နှစ်အရွယ် ဟာရိုနီဒါအနီတို့ နှစ်ယောက်စလုံးဟာ ရနောင်းခရိုင် ပတ်နမ်နယ်မြေရှိ ခိုဆင်ဟိုင်းကျေးရွာသားတွေဖြစ်ပါတယ်။

တနင်္ဂနွေနေ့က မြန်မာဘက်ခြမ်း ကော့သောင်းပိုင်နက်ထဲက ခိုဆောင်အနီးမှာ လူ နှစ်ယောက် သူတို့လှေထဲကနေ ငါးဖမ်းနေကြောင်း ရွာသူကြီးက  ပြောကြားခဲ့ပါတယ်။

မြန်မာ ရဲသင်္ဘောတစ်စင်းက သတိပေး ပစ်ခတ်ပြီးနောက်မှာ  ထိုင်းနိုင်ငံသား ၂ ယောက်နဲ့ သူတို့ရဲ့ ငါးဖမ်းလှေကို ဖမ်းဆီးခဲ့ပါတယ်။ 

ထိုင်း-MECC ဒေသ ၃ မှ လက်ထောက်ညွှန်ကြားရေးမှူး ဗိုလ်ကြီး ဖက်ချရတ်ထီယန်ချန်းက ထိုင်း-မြန်မာ နယ်စပ် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဆီကို ဆက်သွယ်မေးမြန်းပြီး သူတို့ကို ပြန်လွှတ်ပေးဖို့ တာဝန်ရှိသူတွေဆီ တောင်းဆိုခဲ့ပါတယ်။

သူတို့နှစ်ဦးကို မတ်လ ၂၈ ရက်မှာ ပြန်လွှတ်ပေးဖို့ မြန်မာအာဏာပိုင်တွေက သဘောတူညီခဲ့ကြောင်း ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

8 months Ago

January 17, 2021

မြန်မာရေပိုင်နက်အတွင်း ကျူးကျော်ငါးမျှားသည့် ထိုင်းနိုင်ငံသား ၂ ဦးကို ပြည်နှင်ဒဏ်ပေး

မြန်မာ့ရေပြင်ပိုင်နက်အတွင်း တရားမဝင် ကျူးကျော်ဝင်ရောက် ငါးမျှားခဲ့တဲ့ POLARIS ONE လှေမှ ဖမ်းဆီးရမိသူတွေထဲက ထိုင်းနိုင်ငံသား နှစ်ဦးကို ဇန်နဝါရီ ၁၆ ရက်နေ့က ကော့သောင်းမြို့ မြို့မဆိပ်ကမ်း နယ်စပ်ဂိတ်ကနေ ပြည်နှင်ဒဏ်ပေး စေလွှတ်ခဲ့တယ်လို့ ခရိုင် လ.ဝ.က ဦးစီးရုံးက သိရပါတယ်။ POLARIS ONE လှေကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့က မြန်မာ့ရေတပ်မတော်စစ်ရေယာဉ် 567 က ဖမ်းဆီးအပ်နှံခဲ့တာပါ။ လှေပေါ်မှာ ပါရှိသူ ၂၄ ယောက်အနက် ထိုင်းနိုင်ငံသား ၁၉ ယောက်နဲ့ တရုတ်နိုင်ငံသား ၁ ယောက်ကို ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းချက် အက်ဥပဒေအရ  ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ နေ့က ပြည်နှင်ဒဏ်ပေး စေလွှတ်ခဲ့ပါတယ်။  အဓိက တာဝန်ရှိသူ ထိုင်း ၂ ယောက်၊ မြန်မာ ၂ ယောက်ကိုသာ လ.ဝ.က ပုဒ်မ ၁၃(၁) နဲ့ တရားစွဲဆိုခဲ့ကာ ဒဏ်ငွေ ကျပ် ၃ သိန်းစီနဲ့ စီရင်ချက်ချမှတ်ခဲ့တာ​လို့ ခရိုင် လ.ဝ.က ဦးစီးရုံးတာဝန်ရှိသူက ပြောပါတယ်။ ထိုင်းနိုင်ငံသား ၂ ယောက်ကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၇(၁) နဲ့ ‘ပြည်နှင်ဒဏ်အမိန့်’ ချမှတ်ခဲ့ပြီး ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် ပြည်နှင်ဒဏ်ပေးခဲ့ပြီး ကော့သောင်း ခရိုင်နဲ့မြို့နယ် တာဝန်ရှိသူတွေက မြို့မဆိပ်ကမ်းဗောတံတားမှတဆင့် ထိုင်းဘက်ခြမ်း တာဝန်ရှိသူတွေဆီ လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။ သတင်း - လတ်ကိုကိုဦး
2 years Ago
Up