မြန်မာယူ၁၈

August 19, 2019

အာဆီယံ ယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာနှင့် အင်ဒိုနီးရှား ယနေ့ တတိယလုမည်

ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ယူ-၁၈ ချန်ပီယံရှစ် အမျိုးသားဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲအဖြစ် မြန်မာနဲ့ အင်ဒိုနီးရှားတို့ ဒီနေ့ညနေ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ မြန်မာနဲ့ အင်ဒိုနီးရှားအသင်းတို့ဟာ အုပ်စုတွင်းမှာလည်း တွေ့ဆုံခဲ့ပြီး တဖက်တဂိုးစီ သရေကျခဲ့တာပါ။ မြန်မာယူ-၁၈ အသင်းဟာ အုပ်စု အေမှာ အင်ဒိုနီးရှား၊ လာအို၊ တီမော၊ ဖိလစ်ပိုင်၊ ဘရူနိုင်းတို့နဲ့ အတူကျရောက်ခဲ့ပြီး လာအိုကို သုံးဂိုး တဂိုး၊ ဖိလစ်ပိုင်ကို လေးဂိုး တဂိုး၊ တီမောကို တဂိုး ဂိုးမရှိ၊ ဘရူနိုင်းကို နှစ်ဂိုး ဂိုးမရှိနဲ့နိုင်ပြီး အင်ဒိုနီးရှားနဲ့ တဂိုးစီ သရေကျခဲ့တာပါ။ အင်ဒိုနီးရှားအသင်းကလည်း အုပ်စုတွင်းပွဲစဉ်တွေမှာ ဖိလစ်ပိုင်ကို ခုနှစ်ဂိုး တဂိုး၊ တီမောကို လေးဂိုး ဂိုးမရှိ၊ ဘရူနိုင်းကို ခြောက်ဂိုး တဂိုး၊ လာအိုကို နှစ်ဂိုး တဂိုးနဲ့နိုင်ပြီး မြန်မာနဲ့ တဂိုးစီ သရေကျခဲ့ပါတယ်။ မြန်မာနဲ့ အင်ဒိုနီးရှားတို့ဟာ လေးပွဲနိုင် တပွဲသရေကျပြီး ရမှတ် ၁၃ မှတ်စီ တူညီပေမယ့် ဂိုးကွာခြားချက် အသာရတဲ့ အင်ဒိုနီးရှားက အုပ်စု ပထမ၊ မြန်မာက အုပ်စု ဒုတိယနေရာကနေ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့တာပါ။ ဆီမီးဖိုင်နယ်မှာ မြန်မာအသင်းက သြစတြေးလျနဲ့ တွေ့ဆုံခဲ့ပြီး နှစ်ဂိုး တဂိုးနဲ့ ရှုံးခဲ့သလို အင်ဒိုနီးရှားကလည်း မလေးရှားကို လေးဂိုး သုံးဂိုးနဲ့ ရှုံးနိမ့်ကာ နှစ်သင်းစလုံး ဗိုလ်လုပွဲနဲ့ ဝေးပြီး တတိယနေရာလုပွဲ ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။
Zawgyi Version အာဆီယံ ယူ-၁၈ ခ်န္ပီယံရွစ္ၿပိဳင္ပြဲတြင္ ျမန္မာႏွင့္ အင္ဒိုနီးရွား ယေန႔ တတိယလုမည္ DVB ဗီယက္နမ္ႏိုင္ငံမွာ က်င္းပေနတဲ့ အာဆီယံ ယူ-၁၈ ခ်န္ပီယံရွစ္ အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲ တတိယေနရာလုပြဲအျဖစ္ ျမန္မာနဲ႔ အင္ဒိုနီးရွားတို႔ ဒီေန႔ညေန ယွဥ္ၿပိဳင္ၾကမွာ ျဖစ္ပါတယ္။ ျမန္မာနဲ႔ အင္ဒိုနီးရွားအသင္းတို႔ဟာ အုပ္စုတြင္းမွာလည္း ေတြ႕ဆုံခဲ့ၿပီး တဖက္တဂိုးစီ သေရက်ခဲ့တာပါ။ ျမန္မာယူ-၁၈ အသင္းဟာ အုပ္စု ေအမွာ အင္ဒိုနီးရွား၊ လာအို၊ တီေမာ၊ ဖိလစ္ပိုင္၊ ဘ႐ူႏိုင္းတို႔နဲ႔ အတူက်ေရာက္ခဲ့ၿပီး လာအိုကို သုံးဂိုး တဂိုး၊ ဖိလစ္ပိုင္ကို ေလးဂိုး တဂိုး၊ တီေမာကို တဂိုး ဂိုးမရွိ၊ ဘ႐ူႏိုင္းကို ႏွစ္ဂိုး ဂိုးမရွိနဲ႔ႏိုင္ၿပီး အင္ဒိုနီးရွားနဲ႔ တဂိုးစီ သေရက်ခဲ့တာပါ။ အင္ဒိုနီးရွားအသင္းကလည္း အုပ္စုတြင္းပြဲစဥ္ေတြမွာ ဖိလစ္ပိုင္ကို ခုႏွစ္ဂိုး တဂိုး၊ တီေမာကို ေလးဂိုး ဂိုးမရွိ၊ ဘ႐ူႏိုင္းကို ေျခာက္ဂိုး တဂိုး၊ လာအိုကို ႏွစ္ဂိုး တဂိုးနဲ႔ႏိုင္ၿပီး ျမန္မာနဲ႔ တဂိုးစီ သေရက်ခဲ့ပါတယ္။ ျမန္မာနဲ႔ အင္ဒိုနီးရွားတို႔ဟာ ေလးပြဲႏိုင္ တပြဲသေရက်ၿပီး ရမွတ္ ၁၃ မွတ္စီ တူညီေပမယ့္ ဂိုးကြာျခားခ်က္ အသာရတဲ့ အင္ဒိုနီးရွားက အုပ္စု ပထမ၊ ျမန္မာက အုပ္စု ဒုတိယေနရာကေန ဆီမီးဖိုင္နယ္ တက္ေရာက္ခဲ့တာပါ။ ဆီမီးဖိုင္နယ္မွာ ျမန္မာအသင္းက ၾသစေၾတးလ်နဲ႔ ေတြ႕ဆုံခဲ့ၿပီး ႏွစ္ဂိုး တဂိုးနဲ႔ ႐ႈံးခဲ့သလို အင္ဒိုနီးရွားကလည္း မေလးရွားကို ေလးဂိုး သုံးဂိုးနဲ႔ ႐ႈံးနိမ့္ကာ ႏွစ္သင္းစလုံး ဗိုလ္လုပြဲနဲ႔ ေဝးၿပီး တတိယေနရာလုပြဲ ယွဥ္ၿပိဳင္ရတာ ျဖစ္ပါတယ္။
2 years Ago

August 15, 2019

အာဆီယံ ယူ-၁၈ ပြိုင်ပွဲတွင် မြန်မာနှင့် အင်ဒိုနီးရှား ၁ ဂိုးစီ သရေကျ (ရုပ်သံ)

အာဆီယံ ယူ-၁၈ ချန်ပီယံရှစ် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မြန်မာနဲ့ အင်ဒိုနီးရှားအသင်းတို့ မနေ့ညနေက ယှဉ်ပြိုင်ရာ တဖက်တဂိုးစီ သရေကျသွားပါတယ်။ ဗီယက်နမ်နိုင်ငံမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အခုပွဲစဉ်မှာ နှစ်သင်းစလုံး ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ပြီးဖြစ်ပေမယ့် အုပ်စုပထမနေရာအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြတာပါ။ ပထမပိုင်းမှာ ဂိုးမရှိ သရေကျခဲ့ပေမယ့် ဒုတိယပိုင်း ပွဲချိန် ၄၉ မိနစ်မှာ ဟိန်းထက်အောင်က မြန်မာအသင်းအတွက် ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ပါတယ်။ နောက်ထပ် မိနစ် ၂၀ လောက်အကြာမှာ အင်ဒိုနီးရှားက မြန်မာအသင်း ဂိုးဧရိယာထိပ်မှာ ရရှိတဲ့ ဖရီးကစ်ကနေ ချေပဂိုး သွင်းယူသွားခဲ့တာပါ။ မြန်မာအသင်းဟာ အခုပွဲမှာ သရေကျခဲ့လို့ အင်ဒိုနီးရှားနဲ့ ရမှတ်တူ ဂိုးကွာခြားချက်အရ အုပ်စုဒုတိယနေရာကနေ ဆီမီးဖိုင်နယ် တက်သွားပါတယ်။ တဖက်အုပ်စုမှာတော့ လက်ကျန်တပွဲကစားဖို့ ကျန်သေးချိန်မှာ မလေးရှားနဲ့ သြစတြေးလျ ရမှတ်ချင်းတူပေမယ့် ဂိုးကွာခြားချက်အသာရတဲ့ မလေးရှားက အုပ်စုပထမ၊ သြစတြေးလျက အုပ်စုဒုတိယ၊ ဗီယက်နမ်က အုပ်စုတတိယနေရာတွေမှာ ရပ်တည်နေပါတယ်။ ဒီအုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် မလေးရှားနဲ့ ထိုင်း၊ သြစတြေးလျနဲ့ စင်ကာပူ၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားတို့ ဒီနေ့ ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို သြဂုတ် ၁၇ ရက်နေ့ ဆက်လက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
Zawgyi Version အာဆီယံ ယူ-၁၈ ၿပိဳင္ပဲြတြင္ ျမန္မာႏွင့္ အင္ဒုိနီးရွား ၁ ဂိုးစီ သေရက် (႐ုပ္သံ) DVB အာဆီယံ ယူ-၁၈ ခ်န္ပီယံရွစ္ အမ်ဳိးသားေဘာလုံးၿပဳိင္ပဲြ အုပ္စုေနာက္ဆုံးပဲြစဥ္အျဖစ္ ျမန္မာနဲ႔ အင္ဒိုနီးရွားအသင္းတို႔ မေန႔ညေနက ယွဥ္ၿပိဳင္ရာ တဖက္တဂိုးစီ သေရက်သြားပါတယ္။ ဗီယက္နမ္ႏုိင္ငံမွာ ယွဥ္ၿပဳိင္ကစားခဲ့တဲ့ အခုပဲြစဥ္မွာ ႏွစ္သင္းစလုံး ဆီမီးဖုိင္နယ္ တက္ေရာက္ခဲ့ၿပီးျဖစ္ေပမယ့္ အုပ္စုပထမေနရာအတြက္ အႀကိတ္အနယ္ ယွဥ္ၿပဳိင္ကစားခဲ့ၾကတာပါ။ ပထမပုိင္းမွာ ဂုိးမရွိ သေရက်ခဲ့ေပမယ့္ ဒုတိယပုိင္း ပဲြခ်ိန္ ၄၉ မိနစ္မွာ ဟိန္းထက္ေအာင္က ျမန္မာအသင္းအတြက္ ဦးေဆာင္ဂုိး စတင္သြင္းယူခဲ့ပါတယ္။ ေနာက္ထပ္ မိနစ္ ၂၀ ေလာက္အၾကာမွာ အင္ဒုိနီးရွားက ျမန္မာအသင္း ဂုိးဧရိယာထိပ္မွာ ရရွိတဲ့ ဖရီးကစ္ကေန ေခ်ပဂုိး သြင္းယူသြားခဲ့တာပါ။ ျမန္မာအသင္းဟာ အခုပဲြမွာ သေရက်ခဲ့လုိ႔ အင္ဒုိနီးရွားနဲ႔ ရမွတ္တူ ဂုိးကြာျခားခ်က္အရ အုပ္စုဒုတိယေနရာကေန ဆီမီးဖိုင္နယ္ တက္သြားပါတယ္။ တဖက္အုပ္စုမွာေတာ့ လက္က်န္တပဲြကစားဖုိ႔ က်န္ေသးခ်ိန္မွာ မေလးရွားနဲ႔ ၾသစေၾတးလ် ရမွတ္ခ်င္းတူေပမယ့္ ဂိုးကြာျခားခ်က္အသာရတဲ့ မေလးရွားက အုပ္စုပထမ၊ ၾသစေၾတးလ်က အုပ္စုဒုတိယ၊ ဗီယက္နမ္က အုပ္စုတတိယေနရာေတြမွာ ရပ္တည္ေနပါတယ္။ ဒီအုပ္စု ေနာက္ဆုံးပြဲစဥ္အျဖစ္ မေလးရွားနဲ႔ ထိုင္း၊ ၾသစေၾတးလ်နဲ႔ စင္ကာပူ၊ ဗီယက္နမ္နဲ႔ ကေမ႓ာဒီးယားတို႔ ဒီေန႔ ယွဥ္ၿပိဳင္ၾကမွာျဖစ္ၿပီး ဆီမီးဖုိင္နယ္ပဲြစဥ္ေတြကုိ ၾသဂုတ္ ၁၇ ရက္ေန႔ ဆက္လက္ယွဥ္ၿပဳိင္ၾကမွာ ျဖစ္ပါတယ္။
2 years Ago
More News
Up