မြန်မာဘီယာသိုလှောင်ရုံ

September 16, 2021

မုံရွာမြို့ရှိ စစ်တပ်ထုတ်ကုန် မြန်မာဘီယာသိုလှောင်ရုံတွင် ဗုံးပေါက်ကွဲ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ စက်မှုဇုန်ရှိ စစ်တပ်ရဲ့ ထုတ်ကုန် စစ်ပွားရေးလုပ်ငန်းတခုဖြစ်တဲ့ မြန်မာဘီယာ သိုလှောင်ရုံမှာ စက်တင်ဘာ ၁၆ ရက် ည ၇ နာရီက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

စစ်တပ်ထုတ်ကုန် မြန်မာဘီယာသိုလှောင်ရုံကို မုံရွာသံမဏိအဖွဲ့သားများ-MPDFကိုယ်စားပြုအဖွဲ့ က ဗုံးဖောက်ခွဲခဲ့တာဖြစ်ပြီး ဒီဖောက်ခွဲမှုမှာ ရုံးဝန်ထမ်းပြည်သူတွေ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

သံမဏိအဖွဲ့သားတစ်ဦးက  “ကျနော်တို့က စစ်တပ်ဒေါက်တိုင် ဘာနေနေ ဖောက်ခွဲမှာပဲ ၊Mytel  ၊မြန်မာဘီယာ အကုန်အကုန်၊ စစ်တပ်နဲ့ ဆက်နွှယ်တဲ့ဟာ အကုန်မှန်သမျှဖောက်ခွဲမှာ၊ ရောင်းချတဲ့သူတွေလည်း ရှိပါတယ်။ ရောင်းတဲ့သူပြည်သူတွေကိုတော့ ကျနော်တို့ကဘာမှမလုပ်ပါဘူး။ အဓိကတွေကိုပဲ ကျနော်တို့က လုပ်ဆောင်မှာပါ။ ပြည်သူတွေအသက်အိုးအိမ်စည်းစိမ်တွေကို ကျနော်တို့က ဘာမှမလုပ်ဘူး”လို့ ပြောပါတယ်။

လွန်ခဲ့သည့်ရက်ပိုင်းအတွင်းကပဲ ကျောက္ကာလမ်း စစ်တပ်ပိုင် Mytel ရုံးကို ဖောက်ခွဲခဲ့ပြီး ဒုတိယအကြိမ် မြန်မာဘီယာထုတ်လုပ်ရောင်းချတဲ့ စက်ရုံကို  ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။

1 month Ago
Up