မြန်မာဘီယာရုံး

May 21, 2021

မြန်မာဘီယာရုံးနှင့် အရောင်းဆိုင်အချို့တွင် လက်လုပ်ဗုံးပေါက်ကွဲ၊ ထိခိုက်ဒဏ်ရာရသူရှိ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၆၈ လမ်း ၊ သိပ္ပံလမ်း အနီးက မြန်မာဘီယာရုံးဝင်အတွင်း မေလ ၂၁ ရက် မနက်ပိုင်းက လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မေလ ၂၀ ရက် ညပိုင်းက ၆၂ လမ်း၊ ၁၁၁ နဲ့ ၁၁၂ ကြားရှိ မြန်မာဘီယာ ရောင်းတဲ့ ဘီယာဆိုင်မှာလည်း လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

မန္တလေးမြို့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ စီးပွားရေးထောက်တိုင်ဖြစ်တဲ့ မြန်မာဘီယာကို ဆက်လက်မရောင်းချဖို့နဲ့ မသောက်သုံးဖို့ မြေအောက်တော်လှန်ရေးအဖွဲ့ ဆိုတဲ့အမည်ရှိတဲ့ အဖွဲ့တစ်ခုက အသိပေးထားပါတယ်။

အဆိုပါထုတ်ပြန်ချက်ကို မလိုက်နာတဲ့ နန်းရှေ့က ဘီယာဆိုင်တစ်ဆိုင်ရဲ့ parking area မှာ ဖောက်ခွဲခဲ့တယ်လို့ ထုတ်ပြန်ထားတယ်။

7 months Ago
Up