မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာဖိုက်တာ
Home
မြန်မာဖိုက်တာ
A
d
v
e
r
t
i
s
e
m
e
n
t
With Us
May 28, 2020
2.5K
မြန်မာဖိုက်တာများ၏ အကောင်းဆုံးအလဲထိုးနိုင်ပွဲ ၅ ပွဲ
ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship မှာ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်နေတဲ့ အားကစားသမားအရေအတွက်က စုစုပေါင်း ၅ ယောက်ပဲရှိပါတယ်။
လူသိအများဆုံးကတော့ လိုက်ဟဲဗီးဝိတ်တန်းနဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ “မြန်မာ့စပါးအုံး” အောင်လအန်ဆန်ဖြစ်ပြီး အခြားသူတွေကလည်း အောင်မြင်မှုရဖို့ ကြိုးစားလေ့ကျင့်နေကြပါတယ်။
ကမ္ဘာ့စင်မြင့်ထက် ယှဉ်ပြိုင်ကာ မြန်မာနိုင်ငံဂုဏ်ကို မြင့်တက်စေတဲ့ အဆိုပါ အားကစားသမား ၅ ယောက်ရဲ့အကောင်းဆုံးအလဲထိုး နိုင်ပွဲ ၅ ပွဲကို ဖော်ပြလိုက်ပါတယ်။
၁။ ချယ်ရီမြေမှာ Hasegawa ကို အလဲထိုးတဲ့ အောင်လ
ပြိုင်ဘက်ဟောင်း Vitaly Bigdash ကိုအနိုင်ယူပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို အနိုင်ရခဲ့တဲ့ အောင်လအန်ဆန်ဟာ အဆို ပါခါးပတ်အတွက် ပထမဆုံး သရဖူကာကွယ်ပွဲအဖြစ် ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၉ ရက်က ရန်ကုန်မှာပြုလုပ်တဲ့ ONE: SPRIT OF A WARRIOR ပြိုင်ပွဲမှာ စိန်ခေါ်သူ ဂျပန်အားကစားသမား Ken Hasegawa နဲ့ ထိုးသတ်ခဲ့ပါတယ်။
ဒီပွဲစဉ်မှာ အောင်လက မြန်မာပရိ သတ်တွေရှေ့မှောက် ပဉ္စမအချီပြီးဆုံးခါနီးမှာ လက်သီးထိုးချက်နဲ့အနိုင်ယူကာ မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်ကို အောင်မြင်စွာကာကွယ်နိုင် ခဲ့ပါတယ်။ ဒါကို Hasegawa က မကျေနပ်ဘဲ ထပ်မံစိန်ခေါ်ခဲ့တာကြောင့် ၂၀၁၉ ခုနှစ်၊ မတ်လ ၃၁ ရက်က ဂျပန်နိုင်ငံ၊ တိုကျိုမှာပြုလုပ် တဲ့ ONE: A NEW ERA ပြိုင်ပွဲမှာ ဒုတိယအကြိမ်ဆုံတွေ့ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။
ဒီပြိုင်ပွဲဟာ ချန်ပီယံခါးပတ်တွေပိုင်ဆိုင်ပြီးနောက်ပိုင်း အောင်လအတွက် မြန်မာနိုင်ငံပြင်ပမှာထိုးသတ်ရတဲ့ ပထမဆုံးပြိုင်ပွဲလည်း ဖြစ်ပြီး Hasegawa ကို ဂျပန်ပရိသတ်ထောင်ပေါင်းများစွာက အားပေးခဲ့ကြတာပါ။
ပထမအချီမှာကတည်းက တိုက်စစ်ဖွင့်ထိုးခဲ့တဲ့ အောင်လဟာ ညာဖြောင့်လက်သီးတစ်လုံးနဲ့ အိမ်ရှင်အားကစားသမားကို ဖင်ထိုကျသွားစေခဲ့ပြီး ဒုတိယအချီပြီးဆုံးဖို့ စက္ကန့်ပိုင်းသာ လို ချိန်မှာလည်း Hasegawa ရဲ့မျက်နှာတည့်တည့်ကို ပြင်းထန်အားပါတဲ့ ညာလက်သီးတစ်လုံးထိုးကာ ကြမ်းပြင်ပေါ် လဲကျစေခဲ့ပြန်ပါ တယ်။ ဒီနောက် ညာလက်သီး ၆ လုံးခန့် ဆက်တိုက်ပစ်သွင်းချိန်မှာတော့ ကြိုးဝိုင်းဒိုင်လူကြီးက ပွဲရပ်ကာ အောင်လကို အနိုင်ပေးခဲ့ပါ တယ်။
၂။ ရန်ကုန်မှာ အစွမ်းပြတဲ့ တိုတို
မြန်မာပြည်ကတစ်ဦးတည်းသော MMA အမျိုးသမီးအားကစားသမားဖြစ်တဲ့ “တိုတို” အန်တိုနီယာဟာ ၂၀၁၉ ခုနှစ်၊ မတ်လ ၈ ရက်က ရန်ကုန်မှာပြုလုပ်တဲ့ ONE: REIGN OF VALOR ပြိုင်ပွဲမှာ မလေးရှားအားကစားသမား Audreylaura Boniface ကို ဒုတိယအချီအစမှာပဲ ဒိုင်ပွဲရပ်အနိုင်ရခဲ့ပါတယ်။
ဒါဟာ ကယန်းတိုင်းရင်းသူ တိုတိုအတွက် နိုင်ငံခြားအားကစားသမားတစ်ဦးကို ပထမဆုံးအကြိမ် အနိုင်ရခဲ့တာဖြစ်ပြီး ၂၀၁၈ အောက်တိုဘာလအတွင်း ထိုင်းအားကစားသမား Rika Ishige ကိုရှုံးနိမ့်ခဲ့တာကို ပြန်လည်ချေဖျက်နိုင်ခဲ့တာပါ။
ပွဲအစကတည်းက အသာစီးထိုးသတ်နိုင်တဲ့ တိုတိုဟာ ဒုတိယအချီ ၁ မိနစ်၊ ၃၁ စက္ကန့်မှာ သက်လုံကျလာတဲ့ Boniface ရဲ့ချုပ်ကွက်ကို ကိုယ်လွတ်ရုန်းကာ လက်သီးတွဲလုံးတွေ ထိုးနှက်ချိန်မှာ ဒိုင်လူကြီးက ပွဲရပ်ပြီး ၎င်းကို အနိုင်ပေးခဲ့ပါတယ်။
၃။ လက်သီးတွဲလုံးနဲ့ ၂၀၁၉ အဖွင့် ၂ ပွဲဆက်နိုင်တဲ့ ဖိုးသော်
၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၅ ရက်က ရှန်ဟိုင်းမှာပြုလုပ်တဲ့ ONE: LEGENDARY QUEST ပြိုင်ပွဲမှာ “ဘူရှီးဒိုး” ဖိုးသော်ဟာ အင်ဒိုနီးရှားအား ကစားသမား Victorio Senduk ကို ပထမအချီပြီးဆုံးဖို့ ၄၃ စက္ကန့်အလိုမှာ ဒိုင်ပွဲရပ်အနိုင်ယူကာ ၂၀၁၉ ခုနှစ်အတွင်း အဖွင့် ၂ ပွဲဆက် အနိုင်ရခဲ့ပါတယ်။
Team PT အသင်းသား ဖိုးသော်ဟာ ၂၀၁၉ မတ်လ ၈ ရက်ကလည်း မွေးရပ်မြေရန်ကုန်မှာ အင်ဒိုနီးရှားအားကစားသမားတစ်ဦးဖြစ်တဲ့ Yohan Mulia Legowo ကို ပထမအချီပြီးခါနီးမှာပဲ ဒိုင်ပွဲရပ်နဲ့ပဲ အနိုင်ယူခဲ့သေးတာပါ။
Senduk နဲ့ပွဲမှာ ဖိုးသော်ဟာ ပွဲအစ စက္ကန့်ပိုင်းမှာပဲ မြေပြင်ချုပ်ကွက်ရခဲ့ပေမယ့်လည်း ပြိုင်ဘက်က အရှုံးမပေးရအောင် ကြိုးစားရုန်းထွက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လည်း ပထမအချီ ၄ မိနစ်၊ ၁၇ စက္ကန့်မှာတော့ ဖိုးသော်ရဲ့လက်သီးတွဲလုံးကြောင့် Senduk ဒိုင်ပွဲရပ် ရှုံးနိမ့်သွားခဲ့ပါတယ်။
၄။ ၁၄ စက္ကန့်နဲ့ အနိုင်ရတဲ့ ပုညစိုင်း
နယူးဇီလန်မှာအခြေချနေထိုင်တဲ့ မွန်တိုင်းရင်းသား ပုညစိုင်းဟာ ONE Warrior Series ပြိုင်ပွဲ ၄ ပွဲစလုံး အနိုင်ရရှိထားပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်နေတဲ့ Bali MMA အသင်းသား ၎င်းဟာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်ကပြုလုပ်တဲ့ OWS 3 မှာ နီပေါအားကစားသမား Krishna Lal Tamang နဲ့ယှဉ်ပြိုင်ခဲ့ရပြီး ပြိုင်ဘက်က တစ်ချက်မှမထိုးသတ်နိုင်သေးခင် ပွဲအစ ၁၄ စက္ကန့်မှာတင် ဒိုင်ပွဲရပ် အနိုင်ယူခဲ့ပါတယ်။
ပွဲစတာနဲ့ ပုညစိုင်းက ညာခြေအနိမ့်ကန်ချက်သုံးပြီး Tamang ကို လဲကျစေခဲ့ပါတယ်။ ပြန်ထလာတဲ့ Tamang ကို ပုညစိုင်းက လုံးဝမညှာဘဲ ဘယ်ညာလက်သီးတွဲလုံးတွေ ဆက်တိုက်ထိုးနှက်ကာ ထပ်မံလဲကျစေခဲ့ချိန်မှာတော့ ကြိုးဝိုင်းဒိုင် လူကြီးက ပွဲရပ်နားပြီး မြန်မာအားကစားသမားကို အနိုင်ပေးခဲ့ပါတယ်။ ပုညစိုင်းရဲ့ဒုတိယမြောက်ပြိုင်ပွဲက ၁၄ စက္ကန့်နဲ့တင် ပြီးဆုံးခဲ့တာပါ။
၅။ ချုပ်ကွက်နဲ့အနိုင်ယူတဲ့ စိုင်းဉာဏ်လင်း
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၆ ရက်ကပြုလုပ်တဲ့ OWS 7 ပြိုင်ပွဲမှာ မြန်မာအားကစားသမား စိုင်းဉာဏ်လင်းက မလေးရှားအားကစားသမား Matt Korro ကို ပထမအချီမှာ ချုပ်ကွက်နဲ့အနိုင်ယူခဲ့ပါတယ်။ ဒါဟာ Team PT အသင်းသား စိုင်းဉာဏ်လင်းအတွက် ၂၀၁၉ ခုနှစ်အ တွင်း ၂ ပွဲဆက်အနိုင်ရရှိခြင်း ဖြစ်ခဲ့တာပါ။
ကရာတေးလက်ရွေးစင်ဟောင်း စိုင်းဉာဏ်လင်းဟာ မွေထိုင်းကျွမ်းကျင်တဲ့ Korro ကို ၃ ကြိမ် တိုင်တိုင် မြေပြင်ချုပ်ကွက်နဲ့ကစားနိုင်ခဲ့ပြီး ပထမအချီ ၃ မိနစ်၊ ၁၈ စက္ကန့်မှာတော့ လည်ပင်းကို ခြေထောက်နှစ်ချောင်းနဲ့ချုပ်သလို လက် တစ်ဖက်ကိုလည်း ဆွဲချုပ်တဲ့ Triangle Choke နဲ့ အနိုင်ယူခဲ့ပါတယ်။
9 months Ago
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up