မြန်မာပြည်သိန်းတန်

A d v e r t i s e m e n t With Us

September 27, 2020

မြန်မာပြည်သိန်းတန်သီဆိုမှုဖြင့် နားဆင်ရမည့် “ပိတောက်ရိပ်ဝယ်”ရုပ်ရှင်ဇာတ်ဝင်တေး (ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)

“အို… ပိတောက်ရိပ်ဝယ်… အို… ပိတောက်ရိပ်ဝယ်… မှေးအိပ်လို့ မပျော်တယ်… မဖြေသာတွေး… ရွှေမာလာကလေး… သက်သေထားမိပါသေး… သာယာချစ်သွေးမျှဖွယ် … တသက်ပါ သစ္စာတွယ်… ကမ္ဘာတည်ရေး… ကံသီလျှင်ဝေး… အသည်းတွင် နွမ်းလျ ဆွေး” ဒါကတော့ တခေတ်တခါက ကျော်ကြားရုပ်ရှင်ဇာတ်ဝင်တေးတပုဒ်ထဲက တေး သွားစာသားတွေဖြစ်ပြီး နာမည်ကြီး ဝါရင့်အဆိုတော် မြန်မာပြည်သိန်းတန်က မြန်မာ့ရုပ် ရှင်ရာပြည့်ဂီတဖျော်ဖြေပွဲမှာ ပြန်လည်သီဆိုခဲ့တာ ဖြစ်ပါတယ်။  “ပိတောက်ရိပ်ဝယ်”အမည်ရတဲ့ ဒီဇာတ်ဝင်တေးကိုတော့ တေးရေး အလင်္ကာ ကျော်စွာ ရွှေပြည်အေးက ရေးဖွဲ့ထားပြီး ရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ သရုပ်ဆောင် အဆိုတော်ဝင်းဦးက မူရင်းသီဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ စန္ဒာရုပ်ရှင်ထုတ်လုပ်ရေးက ၁၉၆၃ ခုနှစ်မှာ ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဒါရိုက်တာ ဦးတင်ယုက တာဝန်ယူရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်တွေအနေနဲ့ ဒီကားထဲမှာ သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ ဝင်းဦး၊ တင်တင်အေးနဲ့ နှင်းဆီတို့က ပါဝင်ခဲ့ကြပြီး ပရိသတ်တွေကြား အားပေးနှစ်ခြိုက်မှု အထူးရရှိခဲ့တဲ့ ရုပ်ရှင်ကားတကားလည်း ဖြစ်ခဲ့ပါတယ်။ “ပန်းအလှနွယ် သူဇာခင်ရယ်… အသင့်လိုချင် ကိုယ်ဘဝ ခဏမျှလဲလှယ်… ချစ်ကံ ငမွဲငယ် လွှဲအပ်ပါ့မယ်… မလှတယ် ဘဝဝယ်… အထင်တော်လွဲသမျှ ခံဖွယ်… အစစ မဖယ်… လေယူရာ တလွင့်လွင့်… ပိတောက်ပွင့်ကလေး… ချစ်ဖော်နဲ့လွဲရလို့… အသည်း နာသေး… ပိုကရိုမဖျောက်စိတ်… ငိုမလိုတစ်ယောက်မအိပ်… အို .....ပိတောက်ရိပ်ဝယ်” နှစ်ပေါင်း ၅၀ ကျော်နီးပါး သက်တမ်းရှိခဲ့ပြီဖြစ်တဲ့ ဒီသီချင်းကိုတော့ ခေတ်အ ဆက်ဆက် အဆိုတော်ပေါင်းများစွာက တကျော့ပြန်သီဆိုမှုတွေနဲ့ ပြန်လည်သီဆိုခဲ့ကြပြီး လက်ရှိအချိန်ထိ ခေတ်မီနေဆဲ သီချင်းတပုဒ် ဖြစ်ပါတယ်။        ခုတခါမှာတော့ မြန်မာ့ရုပ်ရှင်ရာပြည့်ဖျော်ဖြေပွဲမှာ မြန်မာပြည်သိန်းတန်ရဲ့ ပိုင်နိုင်တဲ့ သီဆိုဟန်နဲ့ပရိသတ်တွေ ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။ အခုနှစ်မှာ ကျရောက်တဲ့ မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ်အနေနဲ့ ရုပ်ရှင်တေး သီချင်းအပုဒ် ၁၀၀ ကို မြန်မာ့ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်ပြသပေးနေပြီး ဒီအစီအစဉ်ကိုတော့ အပတ်စဉ် သောကြာနေ့ ၈ နာရီသတင်းအစီအစဉ်အပြီးမှာ ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။ ခုတပတ်ရဲ့ ဖျော်ဖြေပွဲအမှတ်စဉ် ၈ မှာတော့ မြန်မာပြည်သိန်းတန်၊ ဟေမာနေဝင်း တို့နဲ့အတူ တူးတူး၊ အက်စ်ကဲနက်၊ ယုဇန၊ ရတနာမိုင်၊ ချယ်ရီသင်းတို့က Aurora တေးဂီ တအဖွဲ့နဲ့အတူ ဖျော်ဖြေသွားခဲ့ကြတာ ဖြစ်ပါတယ်။
5 months Ago

September 22, 2020

မြန်မာပြည်သိန်းတန်၊ ဟေမာနေဝင်းနှင့် အနုပညာရှင်များ ရုပ်ရှင်ရာပြည့် ဖျော်ဖြေပွဲတွင်ပါဝင်မည်

       မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ် သီတင်းပတ် ၈ ပတ်မြောက်ပွဲစဉ်မှာတော့ မြန်မာပြည်သိန်းတန်၊ ဟေမာနေဝင်းတို့နဲ့အတူ တခြားအနုပညာရှင်တွေ ဖျော်ဖြေသွားဖို့ ရှိနေပါတယ်။ အခုနှစ်မှာ ကျရောက်တဲ့ မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ်အနေနဲ့ ရုပ်ရှင်တေး သီချင်းအပုဒ် ၁၀၀ ကို မြန်မာ့ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်ပြသပေးနေပြီး ဒီအစီအစဉ်ကိုတော့ အပတ်စဉ် သောကြာနေ့ ၈ နာရီသတင်းအစီအစဉ်အပြီးမှာ ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။        ဩဂုတ် ၇ ရက်နေ့က စတင်ခဲ့တဲ့ ပွဲစဉ် ၁ မှာတော့ မောင်သိန်းဝင်း ၊ R ဇာနည်၊ နေမင်းအိမ်၊ ဟေမာနေဝင်း၊ စိုးပြည့်သဇင်၊ ချစ်စနိုးဦး၊ ခင်ပိုးပန်းချီ၊ မေ့ချစ်သက်နဲ့ မေလသံစဉ်တို့က ဖျော်ဖြေ တင်ဆက်ခဲ့ကြပါတယ်။ ဩဂုတ်လ ၁၄ ရက်နေ့ ဖျော်ဖြေပွဲအမှတ်စဉ် ၂ မှာတော့ ဂီတမှူးစန္ဒရား ကိုခင်လှ၊ စန္ဒရား တင်ကိုကိုတို့ရဲ့ မြန်မာမှုတေးဂီတအဖွဲ့နဲ့အတူ ထား၊ ချိုပြုံး၊ ရီရီသန့်၊ ခင်ညွန့်ရည်၊ တက္ကသိုလ်လဲ့လဲ့၊ နှင်းရည်သန့်၊ ခင်ပိုးပန်းချီတို့နဲ့ တခြားအဆိုတော်တွေက ဖျော်ဖြေတင်ဆက်ခဲ့ကြတာပါ။ ဩဂုတ်လ ၂၁ ရက်နေ့ ဖျော်ဖြေပွဲအမှတ်စဉ် ၃ အနေနဲ့ အင်ပါယာတေးဂီတအဖွဲ့နဲ့အတူ နာ မည်ကျော် အဆိုတော်တွေဖြစ်ကြတဲ့ ဇော်ဝင်းထွဋ်၊ ရင်ဂို၊ ဝိုင်းစုခိုင်သိန်းတို့အပြင် တခြားအဆို တော်တွေဖြစ်ကြတဲ့ စည်သူလွင်၊ အောင်လ၊ ဝေလ၊ မေသက်ထားဆွေ၊ ဂျူဝယ်လ်၊ အေးမြဖြူတို့က တင်ဆက်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်နေ့ ဖျော်ဖြေပွဲအမှတ်စဉ် ၄ မှာတော့ မြန်မာသံ အဆို တော်ကြီးတွေ ဖြစ်ကြတဲ့ ထား၊ ရီရီသန့်၊ တင်ဦးလေးတို့နဲ့အတူ ခင်စိုးဝင်း၊ စိမ်းလဲ့လဲ့၊ ဝိုင်းလမင်းအောင်၊ မေသက်ထားဆွေစတဲ့ အဆိုတော်ပေါင်းများစွာက သီဆိုဖျော်ဖြေ ခဲ့ကြတာပါ။ စက်တင်ဘာလ ၄ ရက်နေ့ ဖျော်ဖြေပွဲအမှတ်စဉ် ၅ မှာတော့ မေဆွိ၊ ချောစုခင်၊ နီနီ ခင်ဇော်တို့နဲ့အတူ တခြားအဆိုတော်တွေ ဖြစ်ကြတဲ့ ချမ်းမြေ့မောင်ချို၊ ဇော်ပိုင်၊ ဖိုးကာ၊ ဝေလ၊ အောင်ထက်တို့က အင်ပါယာတေးဂီတအဖွဲ့နဲ့အတူ ဖျော်ဖြေသွားခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့ ဖျော်ဖြေပွဲအမှတ်စဉ် ၆ မှာတော့ ကြိုတင် ကြေညာထားခဲ့သူတွေထဲက ဟဲလေး၊ ဖြူဖြူကျော်သိန်းနဲ့ အိုင်ရင်းဇင်မာမြင့်တို့က မလာရောက်နိုင်ခဲ့တဲ့အတွက် ကျန်တဲ့ အဆိုတော်တွေဖြစ်ကြတဲ့ တူးတူး၊ တိုနီသစ်လွင်၊ ဝေကြီး၊ ဂျူနီယာချစ်ကောင်း၊ ကေကေမိုး၊ နန်းဆုဦး၊ ရေချယ် စတဲ့ တေးသံရှင်တွေက Luck Hand တေးဂီတအဖွဲ့နဲ့အတူ ဖျော်ဖြေသွားခဲ့ကြတာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၁၈ ရက်နေ့ည ဖျော်ဖြေပွဲအမှတ်စဉ် ၇ မှာတော့ အလင်းရောင်၊ ပိုင်တံခွန်၊ စိုးပြည့်သဇင်၊ အေးမြဖြူတို့နဲ့အတူ ဝါရင့်သရုပ်ဆောင် အနုပညာရှင်တွေေဖြစ် ကြတဲ့ ထွန်းထွန်းဝင်း၊ ရန်အောင်၊ စိုးသူ၊ မင်းဦး၊ ဆုပန်ထွာစတဲ့ အနုပညာရှင်တွေက Oasis တေးဂီတအဖွဲ့နဲ့ ပါဝင်ဖျော်ဖြေသွားခဲ့ကြတာ ဖြစ်ပါတယ်။ အခုလာမယ့် စက်တင်ဘာလ ၂၅ ရက်နေ့ည ဖျော်ဖြေပွဲအမှတ်စဉ် ၈ မှာတော့ မြန် မာပြည်သိန်းတန်၊ ဟေမာနေဝင်းတို့နဲ့အတူ ဂျေမောင်မောင်၊ တူးတူး၊ အက်စ်ကဲနက်၊ ယု ဇန၊ ရတနာမိုင်၊ ချယ်ရီသင်းတို့က Aurora တေးဂီတအဖွဲ့နဲ့အတူ ဖျော်ဖြေသွားကြမှာ ဖြစ် ပါတယ်။ မြန်မာ့ရုပ်ရှင်ဟာ အာရှဒေသတွင်း သက်တမ်းအရှည်ကြာဆုံးသော ရုပ်ရှင်လောက တွေထဲက တခုဖြစ်ပြီး လာမယ့် အောက်တိုဘာလ ၁၃ ရက်နေ့မှာတော့ သက်တမ်းနှစ် ၁၀၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာ့ ပထမဦးဆုံးသော ရုပ်ရှင်ကားကတော့ ၁၉၂၀ ပြည့်နှစ်က ဦးထွန်းရှိန် (ဝိုင် အမ်ဘီအေ ခေါင်းဆောင်နဲ့ အမျိုးသားရေးရှေ့နေ)ရဲ့ နာရေးအခမ်းအနားကို သက်ဝင်ပေါ် လွင်အောင် ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင် ဖြစ်ပြီး နောက်ပိုင်းနှစ်တွေမှာတော့ ရုပ်ရှင် ဟာ မြန်မာ့အမျိုးသားရေး နိုးကြားတက်ကြွလာစေဖို့ အဓိကအခန်းကဏ္ဍက ပါဝင်လာခဲ့ တာ ဖြစ်ပါတယ်။ အခုနှစ်မှာ ကျရောက်တဲ့ မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနားကတော့ လတ်တလော ကမ္ဘာ့နိုင်ငံတွေအနှံ့ ဖြစ်ပွားနေဆဲ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျင်းပမယ့်ရက်ကို တိတိကျကျ မသိနိုင်သေးဘဲ ရပ်ဆိုင်းထားခဲ့ရတာ ဖြစ်ပါတယ်။
5 months Ago
Up