မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသတက္ကသိုလ်

A d v e r t i s e m e n t With Us

January 19, 2021

တက္ကသိုလ်ဒီဂရီကောလိပ် ၉၄ ခုကို သင်ထောက်ကူအနေဖြင့် Drone ယာဉ်များ ပေးအပ်မည်

နိုင်ငံတော်သမ္မတရုံး စီးပွားရေးရာဌာနက သက်ဆိုင်ရာဝန်ကြီးဌာနတွေအား ခွဲဝေချထားပေးတဲ့ Drone ယာဉ်တွေကို မြန်မာနိုင်ငံလေကြောင်းနဲ့ အာကာသပညာ တက္ကသိုလ် အပါအဝင် တက္ကသိုလ်ဒီဂရီကောလိပ် ၉၄ ခုကို သင်ထောက်ကူအနေနဲ့ ပေးအပ်သွားမယ်လို့ ပညာရေးဝန်ကြီးဋ္ဌာနက အကြောင်းကြားထားပါတယ်။  သင်ကြားရေး အထောက်အကူပြုအနေနဲ့ ကျောင်းတွေမှာ လိုအပ်သလိုသုံးလို့ရအောင် ချပေးထားတာဖြစ်ပြီး နိုင်ငံတော်ပစ္စည်းကို နိုင်ငံတော် ကျောင်းပိုင်ပစ္စည်းအနေနဲ့ပဲ သုံးကြရမယ်လို့ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောပါတယ်။  အဲဒီ Drone ယာဉ်တွေကို သင်ထောက်ကူအနေနဲ့ ပေးထားတာဖြစ်လို့ ကျောင်းသားတွေအနေနဲ့ ကိုင်ဆောင်ခွင့်မရှိဘူးလို့လည်း ဆိုပါတယ်။  လက်ရှိမှာ အောက်မြန်မာပြည်ကျောင်းတွေအတွက် ရန်ကုန်ရုံးက ထုတ်ပေးနေပြီး အထက်မြန်မာပြည်အတွက် နေပြည်တော်ကနေတစ်ဆင့် ထုတ်ပေးမှာလည်းဖြစ်ပါတယ်။  အဲဒီလိုထုတ်ယူမယ့် ကျောင်းတွေအနေနဲ့ ကိုဗစ်ကြောင့် အသွားအလာ အခက်အခဲရှိလို့ ကိုယ်စားလှယ်လွှဲစာနဲ့လည်း အဆင့်မြင့်ပညာဦးစီးဋ္ဌာန နေပြည်တော်ရုံးမှာ လာရောက်ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။ သတင်း - နွေလှိုင်း(YU)
1 month Ago
Up