မြန်မာနိုင်ငံမှာ နိုင်ငံရေးတင်းမာမှုတွေနဲ့ မြို့ပြရပ်ရွာ မငြိမ်မသက် အန္တရာယ်များနေတာကြောင့် မြန်မာပြည်ကို ခရီးသွားလာတာအားလုံး မပြုလုပ်ကြဖို့ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးက အကြံပြုချက် ထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာရှိနေပါကလည်း ဘေးကင်းလုံခြုံအောင် ခုချက်ချင်းထွက်ခွာသွားကြဖို့ ကနေဒါသံရုံးက ဒီကနေ့ မတ်လ ၁၉ ရက် ညပိုင်းမှာ ထုတ်ပြန် တိုက်တွန်းထားပါတယ်။