မြန်မာဒီဂျစ်တယ်အခွင့်အရေးဖိုရမ် ကျင်းပမည်

February 4, 2020

မြန်မာဒီဂျစ်တယ်အခွင့်အရေးဖိုရမ် ကျင်းပမည် 

မြန်မာဒီဂျစ်တယ်အခွင့်အရေးဖိုရမ် MDRF 2020 ကို အဖွဲ့အစည်း ၄ ခုက ပူးပေါင်းပြုလုပ်ဖို့ စီစဉ်နေပါတယ်။ မြန်မာဒီဂျစ်တယ် အခွင့်အရေးဖိုရမ်ကို ရန်ကုန်မြို့ Rose Garden ဟိုတယ်မှာ ဖေဖော်ဝါရီ ၂၈ ရက်နဲ့ ၂၉ ရက်နေ့မှာ ဖန်တီးရာ၊ ဖွံ့ဖြိုးမှုအတွက်မြန်အိုင်စီတီအဖွဲ့၊ မြန်မာ့စီးပွားရေး ကဏ္ဍတာ၀န်ယူမှုရှိရေး အထောက်အကူပြုဌာနနဲ့ လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း (မြန်မာ)တို့က ပူးပေါင်းပြုလုပ်မှာပါ။ အဆိုပါ ဖိုရမ်မှာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကြုံတွေ့လာနိုင်တဲ့ နည်းပညာနဲ့ ဒေတာ အချက်အလက်တွေရဲ့ အရေးပါမှုကို အဓိကထား‌ဆွေးနွေးမှာ ဖြစ်ပါတယ်။ သတင်း - ခင်ငြိမ်းချမ်း
1 year Ago
Up