မြန်မာစစ်တပ်

A d v e r t i s e m e n t With Us

March 5, 2021

မြန်မာစစ်တပ်ကို R2P အရအရေးယူပေးရန် ပြည်သူများဆန္ဒပြ တောင်းဆို (ဓာတ်ပုံ)

DVB

လက်နက်အားကိုးနဲ့ အကြမ်းဖက်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့  မြန်မာစစ်တပ်ကို ကုလသမဂ္ဂပဋိဉာဉ်နဲ့အညီ R2P (Responsibility to Protect) အရ အရေးယူမှုတွေ ပြုလုပ်ပေးဖို့ မြန်မာပြည်သူတွေက  ကမ္ဘာ့ကုလသမဂ္ဂကို တောင်းဆိုလိုက်ပါတယ်။

Photo -  Zaw Win Naing / MPA

11 hours Ago

March 2, 2021

မြန်မာစစ်တပ်နှင့် စစ်အာဏာရှင်ကိုအလိုမရှိကြောင်း ဖာပွန်ခရိုင် ကရင်လူထု ဆန္ဒပြ

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းက ကရင်ကျေးရွာ ၃၄ ရွာက ရွာသူရွာသားတွေဟာ စစ်အာဏာရှင်အလိုမရှိကြောင်းနဲ့ သူတို့နယ်မြေတွင်းက မြန်မာ့တပ်မတော်တပ်စခန်းတွေ ရုပ်သိမ်းပေးဖို့  မတ်လ ၂ ရက်မနက်က   သံလွင်မြစ်ကမ်းဘေးမှာ တောင်းဆိုဆန္ဒပြကြပါတယ်။

မူတြော် (ဖာပွန်) ခရိုင်အတွင်း ကေအန်ယူထိန်းချုပ်နယ်မြေက ကျေးရွာ ၃၄ ရွာက ရွာသားတွေဟာ သံလွင်မြစ်တလျှောက် စက်လှေကြီးငယ်တွေနဲ့ ချီတက်ပြီး အီးတူးထ ပြည်တွင်းဒုက္ခသည်စခန်းအနီးက သံလွင်မြစ် သဲသောင်ပြင်မှာ စုရုံးဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် သူတို့ရဲ့ စုပေါင်းထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာလည်း သူတို့ဟာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့  စီမံအုပ်ချုပ်ခွင့် အပြည့်အဝရှိတဲ့ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်နယ်မြေမှာ နေထိုင်ပြီး သူတို့သာ နိုင်ငံရေးအရ တရားဝင်အာဏာရှိသူဖြစ်ကြောင်းလည်း ကြေညာပါတယ်။

ဗဟိုချုပ်ကိုင်မှုချမှတ်ထားတဲ့ အုပ်ချုပ်ရေးစနစ်အားလုံးကို ဆန့်ကျင်ကြောင်း  စစ်အာဏာရှင်နဲ့ သူတို့ချမှတ်ထားတဲ့ အုပ်ချုပ်ရေးစနစ်အားလုံးကို ဆန့်ကျင်ကြောင်းနဲ့ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ဟာ သက်ရှိအားလုံး ရှင်သန်ဖွံ့ဖြိုးဖို့၊ လွတ်လပ်စွာနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြတဲ့ နေရာတခုဖြစ်ကြောင်းလည်း ကြေညာထားပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်က  အရပ်သားတွေကို ပစ်ခတ်တိုက်ခိုက်မှုအားလုံး ရပ်တန့်ပေးဖို့နဲ့ အဲဒီနယ်မြေကနေ ချက်ချင်း ထွက်ခွာပေးဖို့လည်း တောင်းဆိုထားသလို တပ်မတော်သားတွေ အနေနဲ့ CDM ပါဝင်ကြဖို့လည်း တိုက်တွန်း ကြွေးကြော်တောင်းဆိုနေကြပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက် ရက်စက်စွာ ဖြိုခွင်းနှိမ်နှင်းမှုကိုလည်း ပြင်းထန်စွာ ရှုတ်ချကြောင်း စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြနေသူတွေနဲ့အတူ ထောက်ခံ ရပ်တည်ကြောင်း၊ တိုင်းသား တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝ ရှိတဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်သည်အထိ တိုက်ပွဲဝင်သွားမယ်လို့လည်း ကြေညာထားပါတယ်။

4 days Ago
More News
Up