မြန်မာကလေးငယ်များ

October 11, 2022

အကြမ်းဖက်စစ်တပ်အပေါ် အရေးယူရန်နှောင့်နှေးနေချိန်တွင် မြန်မာကလေးငယ်များ အသက်နှင့် လွတ်လပ်ခွင့်များ ပေးဆပ်နေရဟု သံအမတ်ကြီးပြော

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အကြမ်းဖက်စစ်တပ်အပေါ် အရေးယူတုံ့ပြန်ဖို့ နှောင့်နှေးနေချိန်မှာ  မြန်မာကလေးသူငယ်တွေရဲ့ အသက်တွေနဲ့ လွတ်လပ်ခွင့်တွေ ပေးဆပ်နေရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက  ကုလသမဂ္ဂမှာ သတိပေးပြောကြားလိုက်ပါတယ်။ 

အောက်တိုဘာ ၁၀ ရက်က နယူးယောက်မြို့မှာကျင်းပတဲ့  (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီရဲ့ ကလေးသူငယ်များအခွင့်အရေးဆိုင်ရာ ခေါင်းစဉ်နဲ့  ဆွေးနွေးပွဲမှာ  ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း  မိန့်ခွန်းပြောကြားလိုက်တာ ဖြစ်ပါတယ်။ 

ကုလသမဂ္ဂအနေနဲ့ အထူးသဖြင့် ကလေးသူငယ်တွေရဲ့ အသက်နဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးတဲ့ ဆောင်ရွက်ချက်တွေအပါအဝင် မြန်ဆန်ပြတ်သားတဲ့ ဆောင်ရွက်ချက်တွေ ပြုလုပ်ဖို့ ထပ်မံတိုက်တွန်းကြောင်း၊ လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာပြည်သူတွေကို ကာကွယ်ပေးဖို့ တာဝန်ယူရမှာဖြစ်ပြီး ဒီတာဝန်ယူဖို့ နောက်ကျနေတယ်လို့ သံအမတ်ကြီးကပြောပါတယ်။

မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေဟာ  စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေမှာ အဓိကပစ်မှတ်ထားခံနေရတဲ့ အကြောင်းကို  ၂၀၂၂ ခုနှစ်၊ မတ်လက အသက် ၃ နှစ်ကျော်အရွယ် ကလေးငယ်တယောက် သူ့မိခင်နဲ့ အဘွားတို့နဲ့အတူ ထောင်ဒဏ် ၃ နှစ်ချခံရပြီး ရာဇဝတ်သားလို ဆက်ဆံခံရတဲ့ ဖြစ်စဉ်နဲ့ စက်တင်ဘာလ ၁၆ ရက်က လက်ယက်ကုန်းရွာမှာ ကလေးငယ်တွေကို စစ်တပ်က အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်တွေကို နမူနာပြပြီး သံအမတ်ကြီးက ကုလသမဂ္ဂမှာ  မိန့်ခွန်းပြောသွားခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာရှိ ဘုန်းတော်ကြီးသင်စာသင်ကျောင်းရှိ ကလေးငယ်တွေကို  စစ်ကောင်စီတပ်တွေက မြေပြင်ကရော ရဟတ်ယာဉ်နဲ့ပါ ရက်ရက်စက်စက် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့တာမှာ ကလေးငယ် ၇ ယောက်အပါအဝင် အနည်းဆုံး ၁၃ ယောက် သေဆုံးခဲ့ရတာဖြစ်ပြီး အလောင်းတွေကိုလည်း မိဘတွေထံ ပြန်မပေးခဲ့သလို ပြင်းထန်စွာဒဏ်ရာရရှိခဲ့တဲ့ ဆရာမနဲ့ ကျောင်းသားများကိုလည်း ဖမ်းဆီးထားတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပေါင်း ၆၀၀ ကျော်အတွင်း နိုင်ငံတကာအသိုက်အဝန်းထံမှ ရံဖန်ရံခါထွက်ပေါ် လာတတ်တဲ့ မိန့်ခွန်းတွေ၊ ရှုတ်ချမှုတွေနဲ့ တောင်းဆိုမှုတွေရှိခဲ့ပေမဲ့ အကြမ်းဖက်စစ်တပ် အနေနဲ့ ပြစ်မှုကင်းလွတ်ခွင့်အခွင့်အရေးကို ဆက်လက်ရရှိခံစားနေရကြောင်း၊ အကြမ်းဖက်စစ်တပ်ဟာ ကလေးငယ်တွေအပေါ် အကြမ်းဖက်လုပ်ရပ်နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ကျူးလွန်နေတာကို စိုးရိမ်ပူပန်ကြောင်းနှုတ်နဲ့ပြောကြားမှုတွေဟာ စစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို ရပ်တန့်နိုင်ခြင်းမရှိတဲ့အတွက် ကလေးသူငယ်တွေကို ကာကွယ်ပေးနိုင်ဖို့ တိကျတဲ့ ဆောင်ရွက်ချက်တွေနဲ့ ချက်ချင်းအရေးယူဆောင်ရွက်ဖို့ သံအမတ်ကြီးက တိုက်တွန်းပါတယ်။

တခြားတစ်ဘက်မှာ အမျိုးသားညီညွတ်ရေးအစိုးရက မြန်မာနိုင်ငံအတွင်းရှိ ကလေးငယ်တွေရဲ့ မူပိုင်အခွင့်အရေးတွေကို ကောင်းမွန်သေချာစွာ ရရှိခံစားနိုင်စေဖို့ ကြိုးပမ်း ဆောင်ရွက်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့လည်း သံအမတ်ကြီးက တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က တရားမဝင်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁  ရက်ကနေ  ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်အထိ အရပ်သားပြည်သူ ၂၃၃၈ ဦးဟာ အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်စွာသတ်ဖြတ်ခံရပြီး ဒီအထဲက  ၉၁ ဦးဟာ  အသက် ၁၄  နှစ် အောက် ကလေးငယ်တွေဖြစ်ကြကာ ၂၀၉ ဦးကတော့  အသက် ၁၅ နှစ် မှ ၁၉ နှစ် အကြား လူငယ်တွေဖြစ်တယ်လို့  သိရပါတယ်။

Photo Credit-Permanent Mission

2 months Ago

August 16, 2019

မိဘအုပ်ထိန်းသူကြောင့်  မြန်မာကလေးငယ်များ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးဟု လေ့လာတွေ့ရှိ 

မိဘအုပ်ထိန်းသူတွေကြောင့် မြန်မာနိုင်ငံက ကလေးငယ်အများစုမှာ အသက်အရွယ်အလိုက် ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးတာကို တွေ့ရှိရတယ်လို့ ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေ လေ့လာချက်အရ သိရပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာနက ဦးဆောင်ကာ Early Childhood Intervention (ECI) ခေါ် ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းကို မြန်မာနိုင်ငံမှာ ၂၀၁၄-၂၀၁၅ ခုနှစ်ကတည်းက စတင်ကာ လုပ်ဆောင်လာနေတာပါ။ လက်ရှိမှာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့မှာ စီမံချက် ဧရိယာ ၇ ခုမှာ ကနဦးအနေနဲ့ လုပ်ဆောင်နေတာပါ။ စစ်ကိုင်းတိုင်းဒေသကြီးမှာလည်း မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်နဲ့ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ကျေးရွာတွေမှာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလကနေစတင်ကာ လုပ်ဆောင်နေပါတယ်။ သြဂုတ်လလယ်အထိ စိစစ်တွေ့ရှိချက်၊ လုပ်ငန်းစဉ်နဲ့ ဆောင်ရွက်ချက်တွေကို သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေသိရှိစေဖို့ရည်ရွယ်ပြီး ချပြဆွေးနွေးပွဲတခုကိုလည်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရရုံးမှာ သြဂုတ် ၁၅ ရက် နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကို တက်ရောက်လာတဲ့ Early Childhood Intervention (ECI) မှ အမျိုးသားအဆင့် အကြံပေးဖြစ်သူ ဒေါ်ခင်မေထွန်းချစ်က ကလေးငယ်အများစုမှာ အသက်အရွယ်အလိုက် ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးတာကို တွေ့နေရတယ်လို့ ပြောဆိုခဲ့တာပါ။ Early Childhood Intervention (ECI) မှ အကြံပေးဖြစ်သူ ဒေါ်ခင်မေထွန်းချစ်က “ပြန်သုံးသပ်ကြည့်လိုက်တဲ့ အခါမှာ ရောဂါကြောင့်မဟုတ်ဘူး။ ကလေးက အဲဒါကို ဖွံ့ဖြိုးခွင့် မရတာ။ ဘာလို့လဲဆိုတော့ ကလေးငယ်မကိုင်တတ်သေးဘူးဆိုပြီး ဘာမှ ကစားစရာ ကိုင်တွယ်ဖို့ ပစ္စည်းမရှိဘူး။ မရှိတော့ လက်နှင့် လက်ချောင်းများ လှုပ်ရှားမှုက ဖွံ့ဖြိုးခွင့်မရဘူး။ အကုန်လုံး လူကြီးက လုပ်ပေးနေတယ်။ ဒါကြောင့် ဖွံ့ဖြိုးမှုက နောက်ကျတယ်။ နောက်တခုက လူကြီးတွေက ကလေးတွေရဲ့ အခက်အခဲကို အမြဲတမ်းဖြေရှင်းပေးတယ်။ ဥပမာ ဘောလုံးလေး ခုံအောက်ရောက်သွားရင် ကလေးက ဝင်ကောက်ခွင့်မရဘူး။ လူကြီးက ဝင်ကောက်ပေးလိုက်တယ်။ တကယ်လို့သာ ကလေးက သူ့ဟာသူ ကောက်ဖို့ကြိုးစားရင် အဲဒီအချိန်မှာ ဦးနှောက်က အရမ်းအလုပ်လုပ်တာ။ သူစဉ်းစားရတယ်။ ဘောလုံးကဘယ်မှာလဲ။ ဘယ်လိုကောက်ရမလဲ။ ဘယ်လိုသွားရမလဲ စသဖြင့်ပေါ့။ အဲဒီအချိန်မှာ ကလေးက သူ့အသက်အရွယ်နဲ့တန်တဲ့ အခက်အခဲကို ဖြေရှင်းနိုင်တဲ့ ဖွံ့ဖြိုးဖို့ အခွင့်အရေးက ရသွားတယ်။ သို့သော် ကျွန်မတို့ဆီမှာ တွေ့တာက လူကြီးများက အကုန်လိုက်လုပ်ပေးနေတယ်။ ဒါကြောင့် ကလေးတော်တော်များများက အဲဒီအရာတွေမှာ ဖွံ့ဖြိုးမှု နောက်ကျတာကို တွေ့နေရတယ်” လို့ ပြောပါတယ်။ ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းကို မွေးကင်းစကလေးကနေ ၅ နှစ်အထိ သတ်မှတ်ထားပါတယ်။ လက်ရှိဝန်ဆောင်မှု ပေးနေတဲ့ နေရာတွေမှာတော့ အိမ်တိုင်ရာရောက် လုပ်ဆောင်ပေးတာ၊ မိဘတွေကို အသိပညာပေးတာ၊ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုအပေါ်မူတည်ပြီး ကျန်းမာရေးဌာနနဲ့ ချိတ်ဆက်တာတွေပါ လုပ်ဆောင်ပေးနေပါတယ်။ ဒီဝန်ဆောင်မှုလုပ်ငန်းကို ၂၀၂၅ ခုနှစ်မှာတော့ တနိုင်ငံလုံးလွှမ်းခြုံဝန်ဆောင်မှုပေးနိုင်အောင် ရည်မှန်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီဝန်ဆောင်မှုလုပ်ငန်းက ကလေးတွေ သူ့အသက်အရွယ်လိုက် ဖွံ့းဖြိုမှုရှိသလား ဒါမှမဟုတ် နှောင့်နှေးပြီး မသန်စွမ်းဖက်ကို ဦးတည်နေသလားဆိုတာကို တိုင်းတာစစ်ဆေးပြီး လိုအပ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ဆောင်တာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း နှစ်မြို့နယ်မှာတော့ အခုနှစ်အတွင်း ၅ နှစ်အောက်ကလေးငယ် ၁၆၀၀ ကျော်ကို စစ်ဆေးထားပါတယ်။
Zawgyi Version မိဘအုပ်ထိန်းသူကြောင့် မြန်မာကလေးငယ်များ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးဟု လေ့လာတွေ့ရှိ အောင်ကိုလတ် မိဘအုပ်ထိန်းသူတွေကြောင့် မြန်မာနိုင်ငံက ကလေးငယ်အများစုမှာ အသက်အရွယ်အလိုက် ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးတာကို တွေ့ရှိရတယ်လို့ ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေ လေ့လာချက်အရ သိရပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာနက ဦးဆောင်ကာ Early Childhood Intervention (ECI) ခေါ် ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းကို မြန်မာနိုင်ငံမှာ ၂၀၁၄-၂၀၁၅ ခုနှစ်ကတည်းက စတင်ကာ လုပ်ဆောင်လာနေတာပါ။ လက်ရှိမှာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့မှာ စီမံချက် ဧရိယာ ၇ ခုမှာ ကနဦးအနေနဲ့ လုပ်ဆောင်နေတာပါ။ စစ်ကိုင်းတိုင်းဒေသကြီးမှာလည်း မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်နဲ့ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ကျေးရွာတွေမှာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလကနေစတင်ကာ လုပ်ဆောင်နေပါတယ်။ သြဂုတ်လလယ်အထိ စိစစ်တွေ့ရှိချက်၊ လုပ်ငန်းစဉ်နဲ့ ဆောင်ရွက်ချက်တွေကို သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေသိရှိစေဖို့ရည်ရွယ်ပြီး ချပြဆွေးနွေးပွဲတခုကိုလည်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရရုံးမှာ သြဂုတ် ၁၅ ရက် နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကို တက်ရောက်လာတဲ့ Early Childhood Intervention (ECI) မှ အမျိုးသားအဆင့် အကြံပေးဖြစ်သူ ဒေါ်ခင်မေထွန်းချစ်က ကလေးငယ်အများစုမှာ အသက်အရွယ်အလိုက် ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးတာကို တွေ့နေရတယ်လို့ ပြောဆိုခဲ့တာပါ။ Early Childhood Intervention (ECI) မှ အကြံပေးဖြစ်သူ ဒေါ်ခင်မေထွန်းချစ်က “ပြန်သုံးသပ်ကြည့်လိုက်တဲ့ အခါမှာ ရောဂါကြောင့်မဟုတ်ဘူး။ ကလေးက အဲဒါကို ဖွံ့ဖြိုးခွင့် မရတာ။ ဘာလို့လဲဆိုတော့ ကလေးငယ်မကိုင်တတ်သေးဘူးဆိုပြီး ဘာမှ ကစားစရာ ကိုင်တွယ်ဖို့ ပစ္စည်းမရှိဘူး။ မရှိတော့ လက်နှင့် လက်ချောင်းများ လှုပ်ရှားမှုက ဖွံ့ဖြိုးခွင့်မရဘူး။ အကုန်လုံး လူကြီးက လုပ်ပေးနေတယ်။ ဒါကြောင့် ဖွံ့ဖြိုးမှုက နောက်ကျတယ်။ နောက်တခုက လူကြီးတွေက ကလေးတွေရဲ့ အခက်အခဲကို အမြဲတမ်းဖြေရှင်းပေးတယ်။ ဥပမာ ဘောလုံးလေး ခုံအောက်ရောက်သွားရင် ကလေးက ဝင်ကောက်ခွင့်မရဘူး။ လူကြီးက ဝင်ကောက်ပေးလိုက်တယ်။ တကယ်လို့သာ ကလေးက သူ့ဟာသူ ကောက်ဖို့ကြိုးစားရင် အဲဒီအချိန်မှာ ဦးနှောက်က အရမ်းအလုပ်လုပ်တာ။ သူစဉ်းစားရတယ်။ ဘောလုံးကဘယ်မှာလဲ။ ဘယ်လိုကောက်ရမလဲ။ ဘယ်လိုသွားရမလဲ စသဖြင့်ပေါ့။ အဲဒီအချိန်မှာ ကလေးက သူ့အသက်အရွယ်နဲ့တန်တဲ့ အခက်အခဲကို ဖြေရှင်းနိုင်တဲ့ ဖွံ့ဖြိုးဖို့ အခွင့်အရေးက ရသွားတယ်။ သို့သော် ကျွန်မတို့ဆီမှာ တွေ့တာက လူကြီးများက အကုန်လိုက်လုပ်ပေးနေတယ်။ ဒါကြောင့် ကလေးတော်တော်များများက အဲဒီအရာတွေမှာ ဖွံ့ဖြိုးမှု နောက်ကျတာကို တွေ့နေရတယ်” လို့ ပြောပါတယ်။ ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းကို မွေးကင်းစကလေးကနေ ၅ နှစ်အထိ သတ်မှတ်ထားပါတယ်။ လက်ရှိဝန်ဆောင်မှု ပေးနေတဲ့ နေရာတွေမှာတော့ အိမ်တိုင်ရာရောက် လုပ်ဆောင်ပေးတာ၊ မိဘတွေကို အသိပညာပေးတာ၊ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုအပေါ်မူတည်ပြီး ကျန်းမာရေးဌာနနဲ့ ချိတ်ဆက်တာတွေပါ လုပ်ဆောင်ပေးနေပါတယ်။ ဒီဝန်ဆောင်မှုလုပ်ငန်းကို ၂၀၂၅ ခုနှစ်မှာတော့ တနိုင်ငံလုံးလွှမ်းခြုံဝန်ဆောင်မှုပေးနိုင်အောင် ရည်မှန်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီဝန်ဆောင်မှုလုပ်ငန်းက ကလေးတွေ သူ့အသက်အရွယ်လိုက် ဖွံ့းဖြိုမှုရှိသလား ဒါမှမဟုတ် နှောင့်နှေးပြီး မသန်စွမ်းဖက်ကို ဦးတည်နေသလားဆိုတာကို တိုင်းတာစစ်ဆေးပြီး လိုအပ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ဆောင်တာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း နှစ်မြို့နယ်မှာတော့ အခုနှစ်အတွင်း ၅ နှစ်အောက်ကလေးငယ် ၁၆၀၀ ကျော်ကို စစ်ဆေးထားပါတယ်။
3 years Ago
Up