မြန်မာကလေးငယ်

September 29, 2020

ချင်းမိုင်တွင် ၁ နှစ်သားအရွယ် မြန်မာကလေးငယ် ၁ ဦး ကားတိုက်မိပြီး သေဆုံး 

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်မြို့မှာ ဓာတ်ဆီဆိုင်လုပ်သား မြန်မာအလုပ်သမား ၁ ဦးက ကားနောက်ဆုတ်စဉ် ၁ နှစ်ကျော်အရွယ် မြန်မာကလေးငယ် ၁ ဦးကို ဝင်တိုက်မိပြီး မိန်းကလေးငယ်မှာ ပွဲချင်းပြီး သေဆုံးသွားတယ်လို့  CM108  ထိုင်းသတင်းမှာ ဖော်ပြပါတယ်။  စက်တင်ဘာ ၂၇ ရက် ညနေ ၅ နာရီခွဲလောက်က ချင်းမိုင်မြို့ ဝပ်ကစ်ရပ်ကွက် ကလေးတရားရုံးမီးပွိုင့်အနီးရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်မှာ မော်တော်ကား ၁ စီးနောက်ဆုတ်စဉ် ကလေးငယ်ကို ဝင်တိုက်မိကြောင်း တိုင်ကြားချက်ရတဲ့အတွက် အရေးပေါ်လူနာတင်ယာဉ်နဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့  မယ့်ပင်းရဲစခန်းတာဝန်ကျရဲအုပ် ဖုန်းဆဒ်ထဝီရနာက  ပြောပါတယ်။  တာဝန်ရှိသူတွေရောက်သွားချိန်မှာ အခင်းဖြစ်တဲ့နေရာဟာ ဓာတ်ဆီဆိုင်ယာဉ်ရပ်နားတဲ့ နေရာမှာ ဖြစ်ပြီး တကိုယ်လုံးသွေးတွေပေကျံနေတဲ့ ကလေးငယ်တစ်ဦးကို အမျိုးသမီး ၁ ဦးက ပွေ့ဖက်ငိုကျွေးနေတာကို တွေ့ရပါတယ်။  အနီးမှာလည်း မီးခိုးရောင်တိုယိုတာဟိုင်းလပ်ကားတစ်စီးဘေးမှာ ရဲတွေကိုဖြောင့်ချက်ပေးဖို့ ရပ်စောင့်နေတဲ့ ယာဉ်မောင်းသူကို တွေ့ရပါတယ်။  စစ်ဆေးမေးမြန်းချက်အရ ကလေးငယ်ကို ပွေ့ဖက်ငိုကြွေးနေသူမှာ အဆိုပါဓာတ်ဆီဆိုင်မှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမ ၁ ဦးဖြစ်ပြီး  ကလေးအဖေရော သူမပါ ဓာတ်ဆီဆိုင်က အလုပ်သမားတွေဖြစ်ကြောင်း၊ အခင်းမဖြစ်ခင်ရှေ့က အလုပ်ဆင်းချိန်ဖြစ်တဲ့အတွက် သူတို့ လင်မယား ၂ ယောက်လုံး အိမ်ပြန်ဖို့ အလုပ်သမားနားနေခန်းမှာ ပြင်ဆင်နေစဉ်   ၁ နှစ်နဲ့ ၅ လရွယ်ရှိ သမီးလေးက အဲဒီအနီးတဝိုက်မှာ ဆော့နေတာလို့ ဆိုပါတယ်။  ထိုစဉ် စိုင်းဆုဆိုတဲ့ နောက်ထပ်မြန်မာလုပ်သား ၁ ဦးက သူ့ကားနောက်မှာ ကလေးကစား နေတာကို မသိဘဲ ကားထွက်ဖို့ ယာဉ်ကိုနောက်ဆုတ်လိုက်စဉ် ကလေးကိုတိုက်မိလို့ ကလေးက လဲကျသွားကြောင်း၊ အဲဒီနောက် ကားရဲ့နောက်ဘီးက ကလေးရဲ့ဦးခေါင်းကို ထပ်ကြိတ်လိုက် ကြောင်း၊   အဲဒီခါကျမှ ယာဉ်မောင်းသူက တစုံတခု ငြိနေပြီဆိုတာ သတိထားမိပြီး ဆင်းလာ ကြည့်တော့ ကလေးကိုတိုက်မိနေလို့  အနီးအနားက လူတွေကို အော်ဟစ်အကူအညီ တောင်းလိုက်ပါ တယ်။  ကလေးမိဘတွေလည်း အပြေးရောက်လာပြီး ကြည့်လိုက်တော့ ကလေးက အသက်မရှိတော့ပါဘူး။ တာဝန်ရှိသူတွေက ကလေးရဲ့အလောင်းကို လိုအပ်သလို ခွဲစိပ်စစ်ဆေးဖို့ ချင်းမိုင်မဟာရတ်ချ် ဆေးရုံကို ခေါ်သွားပြီး တချိန်တည်းမှာ ဖြစ်ရပ်မှန်တွေကို စီစီကင်မရာတွေကနေ ထပ်ပြီးစစ်ဆေးဦးမယ်လို့ ဆိုပါတယ်။ အဲဒီနောက် မြန်မာအလုပ်သမား စိုင်းဆုကို လိုအပ်သလို အရေးယူဖို့ ရဲစခန်းမှာ ခေါ်စစ်နေတယ်လို့  ထိုင်းသတင်းမှာ ဖော်ပြပါတယ်။  ကိုးကား- CM108
12 months Ago

August 5, 2019

မြန်မာကလေးငယ် ၄ ယောက်တွင် ၁ ယောက်နှုန်း ပုညှက်နေဆဲ

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်တွေနဲ့ယှဉ်ရင် ကလေးတွေ အာဟာရချို့တဲ့နှုန်း လျော့လာပေမယ့် လက်ရှိမှာ ကလေး ၄ ယောက်မှာ တယောက်နှုန်းဟာ ပုညှက်နေသေးတာကြောင့် ချို့တဲ့နှုန်း မြင့်နေတုန်း ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က အသက် ၅ နှစ်အောက် ကလေး ၃ ယောက်မှာ တယောက်ဟာ အာဟာရချို့တဲ့ပြီး ပုညှက်ခဲ့တာကြောင့် အခု သိသိသာသာ တိုးတက်လာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အစာအာဟာရနဲ့ အစာစားသုံးမှုအခြေအနေ လေ့လာတဲ့ စစ်တမ်းအရ ၂၀၁၉ ခုနှစ်မှာ အာဟာရချို့တဲ့နှုန်းဟာ ၂၉ ရာခိုင်နှုန်းရှိပြီး လက်ရှိမှာတော့ ၂၆ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းလာပါတယ်။ ကာလရှည် အာဟာရချို့တဲ့မှုနှုန်းဟာ ချင်းပြည်နယ်မှာ အများဆုံး ဖြစ်တယ်လို့ အာဟာရ ဖွံ့ဖြိုးရေးနဲ့ သုတေသနဌာနခွဲက ညွှန်ကြားရေးမှူး ဒေါက်တာလွင်မာလှိုင်က ပြောပါတယ်။ လတ်တလော အာဟာရ ချို့တဲ့တာကလည်း အရင်ထက်စာရင် လျော့လာပြီလို့ သူက ဆိုပါတယ်။ “လတ်တလော အာဟာရချို့တဲ့တာက ၂၀၁၅-၁၆ တုန်းက ၇ ရာခိုင်နှုန်းရှင့်။ အခု ၁၇-၁၈ မှာကတော့ ၆ ဒသမ ၇။ သူက အများကြီးလည်း ရှိလို့မရဘူးရှင့်။ သူ့သဘာဝအရကို ၅ ရာခိုင်နှုန်းကျော်ရင် များနေတာ။ များတာကတော့ များနေသေးတယ်။ တဖြည်းဖြည်းတော့ လျော့နည်းလာပြီ” လို့ ပြောပါတယ်။ အစားအစာတွေ လုံလုံလောက် မစားရတာ၊ မကြာခဏ ဖျားနာတာ၊ တကိုယ်ရေ သန့်ရှင်းမှု အားနည်းတာ၊ ပတ်ဝန်းကျင် သန့်ရှင်းမှု အားနည်းတာ၊ ဆင်းရဲနွမ်းပါးတာ၊ အသိပညာ ဗဟုသုတ နည်းပါးတာနဲ့ ကျန်းမာရေး စောင့်ရှောက်တာတွေကို လက်လှမ်းမမီနိုင်တာ စတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်တယ်လို့ ကျန်းမာရေးဌာနက ဆိုပါတယ်။ ဒါ့အပြင် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နဲ့ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လူထုလှုပ်ရှားမှုကို မနေ့က တောင်ကြီးမှာ ပြုလုပ်ခဲ့ပါတယ်။   မြန်မာနိုင်ငံမှာ အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ၁၉၅၄ ခုနှစ်က စတင်ခဲ့တာဖြစ်လို့ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားစီမံကိန်းကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ်ကနေ ၂၀၂၂-၂၃ အထိ ၅ နှစ်စီမံကိန်း ချမှတ်ထားပြီး ဒီအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၆၀ ကျော် အသုံးပြုမှာ ဖြစ်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ျမန္မာကေလးငယ္ ၄ ေယာက္တြင္ ၁ ေယာက္ႏႈန္း ပုညႇက္ေနဆဲ ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္ေတြနဲ႔ယွဥ္ရင္ ကေလးေတြ အာဟာရခ်ိဳ႕တဲ့ႏႈန္း ေလ်ာ့လာေပမယ့္ လက္ရွိမွာ ကေလး ၄ ေယာက္မွာ တေယာက္ႏႈန္းဟာ ပုညႇက္ေနေသးတာေၾကာင့္ ခ်ိဳ႕တဲ့ႏႈန္း ျမင့္ေနတုန္း ျဖစ္ပါတယ္။ ၂၀၁၆ ခုႏွစ္က အသက္ ၅ ႏွစ္ေအာက္ ကေလး ၃ ေယာက္မွာ တေယာက္ဟာ အာဟာရခ်ိဳ႕တဲ့ၿပီး ပုညႇက္ခဲ့တာေၾကာင့္ အခု သိသိသာသာ တိုးတက္လာတာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံ အစာအာဟာရနဲ႔ အစာစားသုံးမႈအေျခအေန ေလ့လာတဲ့ စစ္တမ္းအရ ၂၀၁၉ ခုႏွစ္မွာ အာဟာရခ်ိဳ႕တဲ့ႏႈန္းဟာ ၂၉ ရာခိုင္ႏႈန္းရွိၿပီး လက္ရွိမွာေတာ့ ၂၆ ဒသမ ၅ ရာခိုင္ႏႈန္းအထိ က်ဆင္းလာပါတယ္။ ကာလရွည္ အာဟာရခ်ိဳ႕တဲ့မႈႏႈန္းဟာ ခ်င္းျပည္နယ္မွာ အမ်ားဆုံး ျဖစ္တယ္လို႔ အာဟာရ ဖြံ႕ၿဖိဳးေရးနဲ႔ သုေတသနဌာနခြဲက ၫႊန္ၾကားေရးမႉး ေဒါက္တာလြင္မာလႈိင္က ေျပာပါတယ္။ လတ္တေလာ အာဟာရ ခ်ိဳ႕တဲ့တာကလည္း အရင္ထက္စာရင္ ေလ်ာ့လာၿပီလို႔ သူက ဆိုပါတယ္။ “လတ္တေလာ အာဟာရခ်ိဳ႕တဲ့တာက ၂၀၁၅-၁၆ တုန္းက ၇ ရာခိုင္ႏႈန္းရွင့္။ အခု ၁၇-၁၈ မွာကေတာ့ ၆ ဒသမ ၇။ သူက အမ်ားႀကီးလည္း ရွိလို႔မရဘူးရွင့္။ သူ႔သဘာဝအရကို ၅ ရာခိုင္ႏႈန္းေက်ာ္ရင္ မ်ားေနတာ။ မ်ားတာကေတာ့ မ်ားေနေသးတယ္။ တျဖည္းျဖည္းေတာ့ ေလ်ာ့နည္းလာၿပီ” လို႔ ေျပာပါတယ္။ အစားအစာေတြ လုံလုံေလာက္ မစားရတာ၊ မၾကာခဏ ဖ်ားနာတာ၊ တကိုယ္ေရ သန႔္ရွင္းမႈ အားနည္းတာ၊ ပတ္ဝန္းက်င္ သန႔္ရွင္းမႈ အားနည္းတာ၊ ဆင္းရဲႏြမ္းပါးတာ၊ အသိပညာ ဗဟုသုတ နည္းပါးတာနဲ႔ က်န္းမာေရး ေစာင့္ေရွာက္တာေတြကို လက္လွမ္းမမီႏိုင္တာ စတဲ့ အေၾကာင္းရင္းေတြေၾကာင့္ ျဖစ္တယ္လို႔ က်န္းမာေရးဌာနက ဆိုပါတယ္။ ဒါ့အျပင္ ကမာၻ႔မိခင္ႏို႔တိုက္ေကြၽးေရး ရက္သတၱပတ္နဲ႔ အာဟာရဖြံ႕ၿဖိဳးေရး ရက္သတၱပတ္မ်ား လူထုလႈပ္ရွားမႈကို မေန႔က ေတာင္ႀကီးမွာ ျပဳလုပ္ခဲ့ပါတယ္။ ျမန္မာႏိုင္ငံမွာ အာဟာရဖြံ႕ၿဖိဳးေရး လုပ္ငန္းေတြကို ၁၉၅၄ ခုႏွစ္က စတင္ခဲ့တာျဖစ္လို႔ ႏွစ္ေပါင္း ၆၀ ေက်ာ္ခဲ့ၿပီ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံ အာဟာရဖြံ႕ၿဖိဳးမႈျမႇင့္တင္ေရး အမ်ိဳးသားစီမံကိန္းကို ၂၀၁၈-၁၉ ဘ႑ာႏွစ္ကေန ၂၀၂၂-၂၃ အထိ ၅ ႏွစ္စီမံကိန္း ခ်မွတ္ထားၿပီး ဒီအတြက္ အေမရိကန္ေဒၚလာ သန္းေပါင္း ၆၆၀ ေက်ာ္ အသုံးျပဳမွာ ျဖစ္ပါတယ္။
2 years Ago
Up