မွန်ပြည်နယ် ရေးမြို့နယ်တွင် အန်အယ်လ်ဒီက အမှိုက်ကောက် (ဓာတ်ပုံ)

December 12, 2015

မွန်ပြည်နယ် ရေးမြို့နယ်တွင် အန်အယ်လ်ဒီက အမှိုက်ကောက် (ဓာတ်ပုံ)

မွန်ပြည်နယ် ရေးမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေနဲ့ ၀န်းရံပြည်သူတွေဟာ ဒီဇင်ဘာ ၁၂ ရက်နေ့၊ မနက်ပိုင်းကစတင်ပြီး ရေးမြို့တွင်း အမှိုက်ရှင်းလင်းရေးတွေ လုပ်ဆောင်နေပါတယ်။ သူတို့တွေဟာ ရေးမြို့နယ်က ရွှေဆံတော်ဘုရား နဲ့ အမက ၁ တ၀ိုက်၊ ပြည်သူ့ဆေးရုံဝန်းကျင်နဲ့ ဗိုလ်ချုပ်လမ်းတလျှောက်အပါအဝင် မြို့နယ်ထဲက အဓိကနေရာတွေမှာ အမှိုက်လိုက်ကောက်နေတာဖြစ်ပါတယ်။ ဒီလို အမှိုက်ကောက်တဲ့နေရာမှာ မြို့နယ်စည်ပင်က ၀န်ထမ်းတွေကလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ သူတို့အနေနဲ့ ၁၃ ရက်နေ့မနက်မှာလည်း အမှိုက်ထပ်ကောက်ဦးမယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြောပါတယ်။ သတင်းဓာတ်ပုံ-  winnaing thet  
6 years Ago
Up