မွန်ထရီရယ်

July 28, 2015

ဒရော့ဘာ မေဂျာလိဂ်ကလပ် မွန်ထရီရယ်သို့ ပြောင်းရွှေ့

ချဲလ်ဆီး တိုက်စစ်မှုးဟောင်း ဒရော့ဘာဟာ အမေရိကန် မေဂျာလိဂ်ကလပ် မွန်ထရီရယ်အသင်းကို ပြောင်းရွှေ့သွားပါတယ်။ အသက် ၃၇ နှစ်အရွယ် ၀ါရင့် တိုက်စစ်မှုးဟာ ဒီနှစ် နွေရာသီမှာ ချဲလ်ဆီးအသင်းကနေ ထွက်ခွာပြီး အသင်းသစ် ရှာဖွေနေတာပါ။ မွန်ထရီရယ်အသင်း ဥက္ကဋ္ဌကတော့ ဒရော့ဘာကို ခေါ်နိုင်တဲ့အတွက် အသင်းရဲ့သမိုင်းမှာ  ထူးခြားတဲ့ နေ့တနေ့ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ ဒရော့ဘာဟာ ချဲလ်ဆီးမှာ ကစားတဲ့ ကာလတွေအတွင်း ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်နဲ့ ပွဲပေါင်း ၃၈၁ ပွဲ  ကစားပေးထားပါတယ်။ သူဟာ အိုင်ဗရီကို့စ် လက်ရွေးစင်အသင်းအတွက်တော့ ၁၀၅ ပွဲမှာ ၆၅ ဂိုး သွင်းပေးထားပါတယ်။ ကနေဒါကလပ် မွန်ထရီရယ်အသင်းဟာ ပြီးခဲ့တဲ့ အမေရိကန်မေဂျာလိဂ် ဘောလုံးရာသီတုန်းက အမှတ်ပေးဇယားရဲ့ အောက်ဆုံးမှာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။
6 years Ago
Up