မွန်တီကာလို

April 21, 2019

မွန်တီကာလို မာစတာပြိုင်ပွဲတွင် လက်ရှိချန်ပီယံ နာဒယ် ရှုံးနိမ့်

ပြင်သစ်နိုင်ငံ မိုနာကိုမှာ ဧပြီ ၂၀ ၇က်နေ့က ယှဉ်ပြိုင်သွားတဲ့ မွန်တီကာလို မာစတာ တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ အီတလီတင်းနစ်သမား ဖာဘီယို ဖော်နီနီက နာမည်ကြီး တင်းနစ်သမား ရာဖေးလ်နာဒယ်ကို အနိုင်ရသွားပါတယ်။ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၁၈ ရှိတဲ့ ဖော်နီနီက အဆင့် ၂ ဖြစ်တဲ့ မြေစေးကွင်းဘုရင် နာဒယ်ကို ၂ ပွဲပြတ်နဲ့ အနိုင်ရသွားတာပါ။ ဖော်နီနီဟာ ပထမပွဲကို ၆ - ၄၊ ဒုတိယပွဲကို ၆ - ၂ နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်သွားတာပါ။ လက်ရှိ ချန်ပီယံ မြေစေးကွင်းဘုရင် နာဒယ်ဟာ ဒီပွဲမှာ တဖက်ကစားသမားရဲ့ အကွက်ချ ရိုက်ချက်တွေကို မယှဉ်နိုင်ဘဲ ဖြစ်ခဲ့ပါတယ်။ အီတလီ နိုင်ငံသား ဖော်နီနီဟာ မွန်တီကာလို မာစတာပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲကို တက်ရောက်နိုင်တာ ဖြစ်ပါတယ်။ ဖော်နီနီဟာ ဗိုလ်လုပွဲမှာ ကမ္ဘာ့အဆင့် ၄၈ ဖြစ်တဲ့ ဆားဘီးယားတင်းနစ်သမား ဒူဆန် လာဂျိုဗစ်နဲ့ ယှဉ်ပြိုင်ရမှာပါ။
2 years Ago

April 23, 2017

မွန်တီကာလို တင်းနစ်ပြိုင်ပွဲတွင် နဒါးက ဒီယေဂိုကို နှစ်ပွဲပြတ်အနိုင်ရ

ပြင်သစ်နိုင်ငံ မိုနာကိုမှာ ယှဉ်ပြိုင်သွားတဲ့ မွန်တီကာလို မာစတာစ် တင်းနစ်ပြိုင်ပွဲ အမျိုးသား တယောက်ချင်း ကွာတားဖို်င်နယ်မှာ ရာဖယ် နဒါးက အာဂျင်တီးနားက ဒီယေဂို ရှဝပ်ဇမန်းကို ၂ ပွဲပြတ်နဲ့ အနိုင်ရသွားပါတယ်။ ဒီပြိုင်ပွဲကို နာမည်ကြီး တင်းနစ်သမား တော်တော်များများ ၀င်ရောက် ယှဉ်ပြိုင်ကြပြီး နိုဗက် ဂျိုကိုဗစ်ကတော့ ကွာတားအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရပါတယ်။ ဂျိုကိုဗစ် ကွာတားအဆင့်မှာ ရှုံးသွားလို့ နဒါးက ဒီပွဲမှာ ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး ဖြစ်နေပါတယ်။ မြေစေးကွင်းမှာ ကျွမ်းကျင်တဲ့ နဒါးကပဲ အကွက်ချက် ရိုက်ချက်တွေနဲ့ ထောင်ဖြတ် ရိုက်ချက်တွေကနေ အမှတ်သယ်ပြီး ၂ ပွဲစလုံးကို ၆ - ၄နဲ့ အနိုင်ရ သွားပါတယ်။ မွန်တီကာလို ဆီးမီးဖိုင်နယ်မှာတော့ ရာဖယ် နဒါးဟာ ဘယ်ဂျီယံ ဒေးဗစ် ဂေါ်ဖင်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
4 years Ago
Up