မွန်ဂိုလီးယားတွင် မြူထူထပ်မှုကြောင့် ကား ၄၈ စီး ဆင့်ကဲတိုက် (ရုပ်သံ)

November 11, 2015

မွန်ဂိုလီးယားတွင် မြူထူထပ်မှုကြောင့် ကား ၄၈ စီး ဆင့်ကဲတိုက် (ရုပ်သံ)

မွန်ဂိုလီးယားနိုင်ငံတွင်း တရုတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အာဒေါ့စ်မြို့မှာ နိုဝင်ဘာလ ၉ ရက်နေ့က မြူထူထပ်မှုကြောင့် ကား ၄၈ စီးဆင့်တိုက်မှုဖြစ်ပြီး ယာဉ် မောင်းတဦး သေဆုံးခဲ့ပါတယ်။ မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့ အပူချိန်မမျှတမှုတွေရဲ့အကျိုးသက်ရောက်မှုကြောင့် အာဒေါ့စ်မြို့နေရာအများစုမှာ မြူတွေထူထူထပ်ထပ်ဆိုင်းနေခဲ့တာလို့ စီစီတီဗွီ သတင်းမှာ ဖော်ပြပါတယ်။ အဲဒီနေ့မနက် ၇ နာရီမှာ အဝေးပြေးလမ်းမတခုပေါ်က တံတားပေါ်မှာဖြစ်ခဲ့ပြီး မြူ တွေဟာ ၅၀ မီတာထက် နည်းတဲ့နေရာကသာ ထင်ထင်ရှားရှားမြင်ရလောက်အောင် လမ်းမပေါ် ပိတ်ဖုံးနေခဲ့တာပါ။ ဒေါင်ရှန်းခရိုင်၊ အာဒေါ့စ်မြို့ပြည်သူ့လုံခြုံရေးဗျူရို တာဝန်ကျရဲအရာရှိ ဒိုင်ပဲန်ရှန် က “ကနဦးစုံစမ်းမှုတွေအရ တံတားမျက်နှာပြင်ဟာ ရေခဲတွေကြောင့်ချောနေပါတယ်။ မြူတွေကလည်း ထူထူထဲထဲကျနေတော့ မီတာ ၅၀ လောက်ရောက်မှသာ မြင်နိုင်တဲ့အတွက် ခုလိုမတော်တဆမှုတွေဖြစ်ရတာပါ”လို့ပြောပါတယ်။ အဲဒီမတော်တဆမှုကြောင့် ယာဉ်တွေရာနဲ့ချီ လမ်းမပေါ်ပိတ်မိနေခဲ့ပြီး ကားမောင်း သမားတဦး သေဆုံးခဲ့တယ်လို့ သူကပြောပါတယ်။ ဆိုးဝါးတဲ့ ရာသီဥတုကြောင့် ယာဉ်တွေရဲ့နောက်ဘက်ကို မတော်တဆတိုက်ခိုက် မိခဲ့တာဖြစ်ပြီး စုစုပေါင်းကားစီးရေ ၄၈ စီးဆင့်တိုက်ခဲ့တာပါ။ ရုပ်သံ - စီစီတီဗွီ
6 years Ago
Up