မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါ ပွဲစဉ်မှာ ဖရိုင်းဘတ်က မွန်ချန်ဂလတ်ဘတ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
အိမ်ရှင် ဖရိုင်းဘတ်အတွက် ဦးဆောင်ဂိုးကို ပွဲစလို့ ၁ မိနစ်လောက်မှာ ပင်နယ်တီကနေ ရသွားတာပါ။ အဲဒီပင်နယ်တီကို ပီတာဆန်က သွင်းယူပါတယ်။
မွန်ချန်ဂလတ်ဘတ်အတွက် ချေပဂိုးကို မိနစ် ၂၀ လောက်မှာ ပင်နယ်တီကနေ ဟာဇက်က သွင်းယူပါတယ်။ မွန်ချန်ဂလတ်ဘတ်က ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်ခဲ့ပါတယ်။
ဖရိုင်းဘတ်အတွက် ဒုတိယဂိုးကို ၅၇ မိနစ်မှာ ၀ဲရှမစ်က သွင်းယူပြီး ဖရိုင်းဘတ်အတွက် အပိတ်ဂိုးကို မိနစ် ၉၀ မှာ ဟိုလာက သွင်းယူပါတယ်။
မွန်ချန်ဂလတ်ဘတ်အတွက် ၅ ပွဲမြောက်မှာ ပထမဆုံး ရှုံးပွဲနဲ့ ကြုံရတာဖြစ်ပြီး ၁၇ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာမှာ ရှိနေပါတယ်။ ဖရိုင်းဘတ်က ၁၂ မှတ်နဲ့ အဆင့် ၈ မှာ ရပ်တည်နေပါတယ်။
4 years Ago