မွန်ချန်ဂလက်ဘတ်

March 3, 2019

ဘိုင်ယန်က မွန်ချန်ဂလတ်ဘတ်ကို ၅-၁ ဂိုး ဂိုးပြတ်အနိုင်ရ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဘွန်ဒတ်စ်လီဂါ ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်က အဝေးကွင်းမှာ မွန်ချန်ဂလတ်ဘတ်ကို ၅ ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဘိုင်ယန်အတွက် ဦးဆောင်ဂိုးကို ပွဲအစမှာပဲ မာတီနက်က သွင်းယူပါတယ်။ ဒုတိယဂိုးကို ၁၁ မိနစ်လောက်မှာ မူလာက သွင်းယူပါတယ်။ အိမ်ရှင် မွန်ချန်ဂလတ်ဘတ်အတွက် ချေပဂိုးကို စတင်ဒယ်က ရရှိသွားပါတယ်။ ဘိုင်ယန်ကပဲ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ထိမ်းချုပ်နိုင်ခဲ့ပြီး ဂိုးပေါက်ကန်သွင်းခွင့် ၁၄ ကြိမ်အထိ ရခဲ့ပါတယ်။ တတိယဂိုးကို တိုက်စစ်မှူး လီဝမ်းဒေါ့စကီးက သွင်းယူပါတယ်။ ၄ ဂိုးမြောက်ဂိုးကို ဂါနာဘရီက ပိတ်ယူပါတယ်။ ဘိုင်ယန်အတွက် အပိတ်ဂိုးကို လီဝမ်းဒေါ့စကီးက ပင်နယ်တီကနေ သွင်းယူပါတယ်။ ဒီပွဲနိုင်တဲ့ ဘိုင်ယန်က ၅၄ မှတ်နဲ့ ဇယားထိပ်က ဒေါ့မန်နဲ့ အမှတ်တူသွားပါတယ်။
2 years Ago
Up