မွတ်စလင်ကျောင်းသားများ ဆရာမကို လက်ဆွဲနှုတ်ဆက်မလား၊ ဒဏ်ကြေးပေးမလား

A d v e r t i s e m e n t With Us

May 27, 2016

မွတ်စလင်ကျောင်းသားများ ဆရာမကို လက်ဆွဲနှုတ်ဆက်မလား၊ ဒဏ်ကြေးပေးမလား

ဆွစ်ဇာလန်နိုင်ငံမှ မွတ်စလင်ကျောင်းသားတွေကို ကျောင်းမှာ ဆရာမကို လက်ဆွဲနှုတ်ဆက်မလား၊ ဒါမှမဟုတ် မိဘတွေကို ဒဏ်ကြေးပေါင် ၃၅၀၀ ပေးဆောင်စေမလားဆိုပြီး ရွေးချယ်ခိုင်းစေခဲ့တယ်လို့ Independent သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒါဟာ အခုနှစ်အစောပိုင်းက ဘေဇလန်းချက်ပြည်နယ် ကျောင်းတကျောင်းထဲမှာ မွတ်စလင်ကျောင်းသား ၂ ဦးက သူတို့ရဲ့ အတန်းထဲက ဆရာမကို လက်ဆွဲနှုတ်ဆက်ဖို့ အပြင်းအထန် ငြင်းဆန်ခဲ့ပြီးနောက်မှာ ခုလို ဖြစ်ပေါ်လာခဲ့တာပါ။ သူတို့ရဲ့ အကြောင်းပြချက်ကတော့ မွတ်စလင်ဘာသာဝင်တွေ အနေနဲ့ မိသားစုတွေ ကွယ်ရာမှာ အမျိုးသမီးတဦးနဲ့ တိုက်ရိုက်မျက်လုံးချင်းဆုံပြီး ဆက်သွယ်မှုပြုလုပ်တာဟာ ဘာသာရေးအရ ဆန့်ကျင်နေတာလို့ ဆိုပါတယ်။ ဆွစ်ဇာလန်နိုင်ငံမှာ ဆရာကို လက်ဆွဲနှုတ်ဆက်တာဟာ လေးစားကြောင်းပြသတဲ့ သင်္ကေတ တခုဖြစ်ပြီး အဲဒီကိစ္စဖြစ်ပြီးနောက်မှာတော့ ဒေသတွင်း သက်ဆိုင်ရာ အာဏာပိုင်တွေဟာ ဆွေးနွေးခဲ့ကြတာပါ။ မေလ ၂၅ ရက်နေ့က ပြည်နယ်တွင်းထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာတော့ ဒေသတွင်း ကျောင်းတွေအားလုံးမှာ တူညီတဲ့ စည်းကမ်းချက်တွေ ရှိရမှာဖြစ်ပြီး သူတို့အနေနဲ့ ဆရာကို လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းပယ်ခဲ့မယ်ဆိုရင်တော့ ဒဏ်ကြေးပေါင် ၃၅၀၀ ပေးဆောင်ရမယ်လို့ ဆိုပါတယ်။ ဒေသတွင်း ပညာရေး၊ ယဉ်ကျေးမှုနဲ့ အားကစားဌာနကတော့ “ဆရာတယောက်မှာ လက်ဆွဲနှုတ်ဆက်ဖို့အတွက် အခွင့်အာဏာ ပေးပိုင်ခွင့်ရှိရမယ်” လို့ ပြောပါတယ်။ နိုင်ငံခြားသား ကျောင်းသားတွေရဲ့ ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်နဲ့ ကျား၊ မ တန်းတူညီမျှရှိမှုကြားက အလေးထားဆက်ဆံမှုဟာ အများပြည်သူကြား စိတ်ဝင်စားမှု တခုဖြစ်နေတာပါ။ လက်ဆွဲနှုတ်ဆက်တဲ့ အလေ့အထဟာ ကျောင်းသားဘ၀မှာတည်းက အရေးကြီးတဲ့ လူမှုရေးဆိုင်ရာ ကျင့်ဝတ်တခုအနေနဲ့ သင်ယူသင့်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဒါပေမယ့် ဘာသာရေးဆိုင်ရာ ကျင့်ဝတ် စံတွေအရ ရေကူးလေ့ကျင့်မှု သင်ခန်းစာတွေကို ငြင်းပယ်တာတွေ၊ ဘာသာရေးခေါင်းဆောင်းကို ၀တ်ဆင်တာတွေ စတဲ့အရာတွေနဲ့ ကျောင်းစည်းမျဉ်းတွေကြား ခွဲခြားထားသလို ဖြစ်လာခဲ့တာပါ။ ဆွစ်ဇာလန်နိုင်ငံ သက်ဆိုင်ရာ တာဝန်ရှိသူတွေကတော့ ကျောင်းသားတွေရဲ့ လူမျိုးရေးနဲ့ နေထိုင်မှုဆိုင်ရာ အခြေအနေတွေအပေါ် မှတ်ချက်တစုံတရာ မပေးခဲ့ပါဘူး။
5 years Ago
Up