မွတ်စလင်အကြမ်းဖက်ဟု ယုံကြည်ရသူ ၂ ဦးကို အင်ဒိုနီးရှားရဲတပ်ဖွဲ့ ပစ်သတ်

December 26, 2016

မွတ်စလင်အကြမ်းဖက်ဟု ယုံကြည်ရသူ ၂ ဦးကို အင်ဒိုနီးရှားရဲတပ်ဖွဲ့ ပစ်သတ်

အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ဂျာဗားပြည်နယ်မှာ မွတ်စလင်အကြမ်းဖက်လို့ ယုံကြည်ရသူ ၂ ဦးကို လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်စီးနင်းမှုတခုအတွင်း ပစ်သတ်လိုက်တယ်လို့ အင်ဒိုရဲတပ်ဖွဲ့က ပြောပါတယ်။ အနောက်ဂျာဗားပြည်နယ်၊ စီဘီနောင် (Cibinong) မြို့မှာ လူ ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်မေးခဲ့ပြီး ဒီဇင်ဘာ ၂၅ ရက်နေ့မှာ အိမ်တအိမ်ကို ဝင်ရောက်စီးနင်းခဲ့တာပါ။ ရဲတပ်ဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ကြပြီး လက်နက်တွေနဲ့ နှစ်သစ်ကူးနေ့ အကြမ်းဖက်တိုက်ခိုက်မှု အစီအစဉ်ပါရှိတဲ့ စာတစောင်လည်း ရရှိခဲ့တယ်လို့ အနောက်ဂျာဗားပြည်နယ် ရဲတပ်ဖွဲ့ ပြောခွင့်ရက ဆိုပါတယ်။ ပြီးခဲ့တဲ့တပတ်ကလည်း ဂျကာတာမြို့ပြင်မှာ အကြမ်းဖက်နှိမ်နင်းရေး စစ်ဆင်ရေးတခုအတွင်း အကြမ်းဖက်လို့ ယုံကြည်ရသူ ၃ ဦးဟာလည်း အင်ဒိုရဲတပ်ဖွဲ့က အပြန်အလှန်ပစ်ခတ်မှုအတွင်း သုတ်သင်ခဲ့ပါတယ်။ သူတို့လည်း လူစည်ကားတဲ့နေရာ တနေရာမှာ အသေခံတိုက်ခိုက်ဖို့ စီစဉ်ထားပြီး သူတို့ကို ဟန့်တားနိုင်ခဲ့တယ်လို့ ဂျကာတာရဲတပ်ဖွဲ့က ပြောပါတယ်။ အခုနှစ် ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလ လုံခြုံရေးအတွက် နိုင်ငံတဝန်း အင်ဒိုရဲတပ်ဖွဲ့ဝင် ၈၅၀၀၀ နဲ့ အင်ဒိုစစ်တပ် တပ်ဖွဲ့ဝင် ၁ သောင်းခွဲ တပ်ဖြန့်ချထားမှာ ဖြစ်ပါတယ်။
5 years Ago
Up