မွတ်စလင်များဝင်ရောက်မှု

February 11, 2017

မွတ်စလင်များဝင်ရောက်မှု တားမြစ်မိန့် ထပ်မံထုတ်ပြန်ရန် စဉ်းစားနေဟု ထရမ့်ပြော

မွတ်စလင်နိုင်ငံ ၇ ခုက ၀င်ရောက်လာသူတွေအပေါ် တားမြစ်တဲ့ ပထမအမိန့် ပယ်ဖျက်ခံရတဲ့အတွက် ဒုတိယအမိန့် ထပ်ထုတ်ဖို့ စဉ်းစားနေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၁၀ ရက်နေ့က ပြောကြားလိုက်ပါတယ်။ ဆီးရီးယား၊ အီရန်၊ အီရတ်၊ လစ်ဗျား၊ ယီမင်၊ ဆူဒန်နဲ့ ဆိုမားလိးယားနိုင်ငံတွေက ၀င်ရောက်လာသူတွေကို ယာယီပိတ်ပင်တဲ့ သမ္မတထရမ့်ရဲ့ အမိန့်သစ်ကို ဆီးလ်တဲခရိုင် တရားသူကြီးက ပယ်ချခဲ့တဲ့အတွက် ဆန်ဖရစစ္စကို တရားရုံးမှာ ဥပဒေကြောင်းအရ အယူခံဝင်ထားဆဲဖြစ်ပါတယ်။ ဒါပေမယ့် ဖေဖော်ဝါရီ ၁၀ ရက် သောကြာနေ့က ဖလော်ရီဒါကနေ ၀ါရှင်တန်ဒီစီကို ပြန်ရောက်လာတဲ့ သမ္မတထရမ့်က “ခရီးသွားလာ ခွင့်ပိတ်ပင်တဲ့ နောက်ထပ် အမိန့်သစ်ထပ်ထုတ်ဖို့ သူစဉ်းစားနေတယ်၊ လာမယ့်တနင်္လာ ဒါမှမဟုတ် အင်္ဂါနေ့လောက်မှာ ဖြစ်နိုင်တယ်” လို့ နိုင်ငံတကာ သတင်းထောက်တွေကို ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up