မြတောင်သပိတ်စစ်ကြောင်း

April 10, 2021

မြတောင်သပိတ်စစ်ကြောင်းကို ရဲနှင့် စစ်တပ်က အကြမ်းဖက်ဖြိုခွဲ၊ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်မှာ ဧပြီ ၁၀ ရက် မနက်ပိုင်းက စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ချီတက်ဆန္ဒပြတဲ့ မြတောင်သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွဲခဲ့ပြီး ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

သပိတ်စစ်ကြောင်း စတင်ချီတက်ပြီး ၁၅  မိနစ်လောက်အတွင်းမှာပဲ ဖြိုခွဲခံလိုက်ရတာဖြစ်ကာ စစ်ကြောင်းမှာ ပါတဲ့သူတွေ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရတာလို့ ဆိုပါတယ်။

“ကျနော်တို့ ရှေ့ပြေး အဖွဲ့က သတင်းပို့လာပါတယ်။ ဟိုကောင်တွေ လာနေပြီ၊ အမြန်လူစုဖွဲ့ကြဖို့ပါ။ လူစုခွဲဖို့ သတင်းရောက်လာတဲ့ နေရာမှာပဲ သပိတ်စစ်ကြောင်းထဲက ဆိုင်ကယ်နဲ့ မိတ်ဆွေတစ်ဦးက ကျနော့်ကို ကူညီပေးလို့ ဆိုင်ကယ်နဲ့ ထွက်လာနိုင်ပါတယ်။ တချို့လည်း ဆိုင်ကယ်နဲ့ ထွက်ကြ၊ အများစုက နီးစပ်ရာ  ရပ်ကွက်ထဲ ဝင်ရောက်ပြေးပုန်းကြရပါတယ်။ အခု ကျနော် လုံခြုံလွတ်မြောက်ပါတယ်။” လို့ စစ်ကြောင်းမှာ ပါဝင်ခဲ့တဲ့ ဆန္ဒပြ ခေါင်းဆောင် ကိုတေဇာဆန်းက ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲမှာ စစ်ကြောင်း ဦးဆောင်သူအများအပြားပါပြီး သပိတ်စစ်ကြောင်းနဲ့ မဆိုင်သူတွေလည်းဖမ်းဆီးထားပါတယ်။ 

ဖမ်းဆီးခံရသူတွေကို လက်ရှိ အမှတ် (၅) ရဲစခန်းထဲမှာ ထိန်းသိမ်းထားကာ မကြာခင် အိုးဘိုထောင်ကို ပို့မယ်လို့ သိရပါတယ်။

8 months Ago

April 9, 2021

မန္တလေး မြတောင်သပိတ်စစ်ကြောင်း (ဓာတ်ပုံ)

မန္တလေးမြို့မှာ အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်အဖွဲ့ကို  နေ့စဉ် ဆန္ဒပြထွက်ပြနေတဲ့ မြတောင်သပိတ်စစ်ကြောင်းဟာ ဒီကနေ့  ဧပြီ ၉ ရက်နေ့ကလည်း မြို့တွင်းလှည့်လည် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။   

Photo - MPA

8 months Ago
Up