မြစ်သား

November 7, 2021

မြစ်သားတွင် မိုင်တဲတာဝါတိုင် လာစစ်ဆေးသည့် စစ်ကောင်စီကား ထပ်မံမိုင်းဆွဲခံရ

မန္တလေးတိုင်း မြစ်သားမြို့နယ်၊ ထားဝယ်အင်းကျေးရွာအုပ်စု ပြည်လုံးအေးရွာအနီး ဖောက်ခွဲခံရတဲ့ မိုင်တဲ တာဝါတိုင်ကို နိုဝင်ဘာ ၆ ရက် မနက် ၁ နာရီ လာရောက်စစ်ဆေးတဲ့ စစ်ကောင်စီကား ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက “မိုင်တဲတာဝါတိုင် ဖောက်ခွဲခံရတာ သိရတယ်။ ပျက်စီးမှုတော့ မသိရဘူး။ မြင်းထားဝယ်ရွာ အရှေ့ဘက်တံတားနားမှာ ဗုံးပေါက်သံ ကြားရတယ်။ စစ်ကားကို မိုင်းဆွဲ တိုက်တာလို့တော့ သိရတယ်” လို့ ပြောပါတယ်။

ကျောက်ဆည် နဂါးနီပြောက်ကျားတပ်ဖွဲ့နဲ့ အမည်မဖော်လိုသော မြေပြင်တိုက်ခိုက်ရေး ၂ ဖွဲ့က တိုက်ခိုက်တာဖြစ်ကြောင်း နိုဝင်ဘာလ ၆ ရက် က သတင်းထုတ်ပြန်ထားပြီး ထိခိုက်ဒဏ်ရာရမှု အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။

မြစ်သားမြို့နယ် ရခိုင်ကြီးတိုက်နယ်အတွင်းရှိ  ပြည်လုံးအေးရွာ အရှေ့ဘက်ရှိ မိုင်တဲတာဝါတိုင်အား ည ၁၀ နာရီလောက် ဖောက်ခွဲခံခဲ့ရတာလို့ သိရပါတယ်။

မြစ်သားမြို့နယ်မှာ မိုင်တဲတာဝါတိုင်တေါ၊ ရဲသတင်းတပ်ဖွဲ့ရုံး၊ လျှပ်စစ်ရုံးနဲ့ မီးရထားလမ်း စတာတွေ ဗုံးခွဲတိုက်ခိုက်ခံရမှုတွေ ရှိခဲ့ပါတယ်။

3 months Ago

March 16, 2021

ဒီမိုကရေစီတိုက်ပွဲ၌ ကျဆုံးခဲ့သူများအတွက် အောက်မေ့ဖွယ်အခမ်းအနားလုပ်

မြစ်သားမြို့က Gen Z လူငယ်တွေဟာ ဒီမိုကရေစီတိုက်ပွဲမှာ ကျဆုံးသွားတဲ့ ပြည်သူ့ သူရဲကောင်းတွေအတွက် ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားကို မတ် ၁၆ ရက်က ပြုလုပ်ခဲ့ ကြပါတယ်။

မြစ်သားမြို့တွင်းမှာ အဖမ်းအဆီးတွေ ရှိနေတာကြောင့် လူငယ်တွေဟာ  စစ်အာဏာရှင်အလို မရှိကြောင်း ဆန္ဒပြတာကိုတော့  တောထဲမှာပဲ ပြုလုပ်ခဲ့ကြပါတယ်။

11 months Ago
More News
Up