မြစ်ထဲကျတော့မည့်ကား

A d v e r t i s e m e n t With Us

April 19, 2020

မြစ်ထဲကျတော့မည့် ကားပေါ်မှ အမျိုးသားတဦးကို သက်စွန့်ဆံဖျား ကယ်တင် (ရုပ်သံ)

ဗာဂျီးနီးယားပြည်နယ် ချီဆာပိတ်မှာရှိတဲ့ တံတားတခုပေါ်မှာ တွဲလောင်းဖြစ်နေတဲ့ ကုန်တင်းကားတစီးထဲ ပိတ်မိနေတဲ့ အမျိုးသားတဦးကို အမေရိကန်မီးသတ်တပ်ဖွဲ့ဝင်တွေက သက်စွန့်ဆံဖျား  ကယ်တင်ခဲ့ရပါတယ်။  ကုန်တင်ကားဟာ တံတားပေါ်မှာ တခြားယာဉ်တစီးနဲ့ မတော်တဆမှု ဖြစ်ပွားခဲ့ပြီးနောက် တံတားပေါ်ကနေ တွဲလောင်းကြီးဖြစ်နေခဲ့တယ်လို့ ချီဆာပိတ် မီးသတ်ဌာနက ပြောပါတယ်။  မီးသတ်သမားတွေဟာ ကားပေါ်မှာပိတ်မိနေတဲ့ ယာဉ်မောင်းကို ခက်ခက်ခဲခဲ ကယ်ဆယ်ခဲ့ရတာဖြစ်ပြီး ကယ်ဆယ်ချိန်မှာ လေပြင်းတွေလည်း တိုက်ခတ်ခဲ့တယ်လို့ သိရပါတယ်။
11 months Ago
Up