မြစ်ကြီးနား ၂၁ မိုင်ဂိတ်

June 30, 2021

မြစ်ကြီးနား ၂၁ မိုင်ဂိတ် တိုက်ခိုက်ခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နဲ့ မန္တလေးမြို့သွားလမ်းမကြီးပေါ်က  မရမ်းရွာအနီးမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ၂၁ မိုင်စုပေါင်းဂိတ်စခန်းကို KIA က ဇွန် ၃၀ ရက် မနက် ၅ နာရီလောက်က တိုက်ခိုက်ခဲ့ပါတယ်။

"၂၁ မိုင်ဂိတ်မှာ မနက် ၅ နာရီက စပစ်တယ်။ KIA တပ်ရင်း ၁၁ ကလို့ သိရတယ်။ ရဲတစ်ယောက်သေတယ်" လို့ ဒေသခံတစ်ဦးက ပြောသည်။

၂၁ မိုင်ဂိတ် ပစ်ခတ်မှုမှာ ရဲဒုတပ်ကြပ် ဇင်မင်းထွန်း သေဆုံးခဲ့ပြီး ရဲအရာရှိတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ ဒါ့အပြင် ဂိတ်အနီးနားထမင်းဆိုင်က အမျိုးသားတစ်ဦးလည်း ထိခိုက်သေဆုံးခဲ့ပါတယ်။

ဇွန် ၂၃ ရက်နေ့ကလည်း မြစ်ကြီးနားမြို့က ဗလမင်းထင်တံတားစုပေါင်းဂိတ်ကို KIA က ၀င်ရောက်တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့၀င် ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

၂၁ မိုင်ဂိတ် တိုက်ခိုက်ခံရမှုကြောင့် ယာဉ်အသွားအလာတွေ ယာယီပိတ်ထားတယ်လို့ သိရပါတယ်။

7 months Ago
Up