မြစ်ကြီးနား-ဗန်းမော်လမ်း

June 8, 2021

မြစ်ကြီးနား-ဗန်းမော်လမ်းတွင် စစ်ယာဉ်တန်း တိုက်ခိုက်ခံရ

ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်လမ်းမကြီးပေါ် လဂျားယန်ရွာဘက်မှာ စစ်ယာဉ်တန်းကို ဇွန်လ ၈ ရက် မနက် ၉ နာရီကျော်လောက်မှာ ကေအိုင်အေက ချုံခိုတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့ဒဏ်ရာရရှိခဲ့တယ်လို့  ဒေသခံအချို့က ပြောပါတယ်။

စစ်ကား ၄ စီးလောက်လည်း ပျက်စီး မီးလောင်ခဲ့ပြီး  စစ်သားအင်အားမှာ အစောင့်အနည်းငယ်စီသာပါဝင်ကာ စစ်ဘက်သုံးပစ္စည်းတွေ သယ်ဆောင်လာတာကြောင့် ပစ်ခတ်တိုက်ခိုက်ခံရတာဖြစ်နိုင်တယ်လို့  ဒေသခံတချို့က ပြောပါတယ်။

ဇွန်လ ၇ ရက် နေ့လယ်ပိုင်းကလည်း မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်အနီးက တောင်ဆင်းဘက်မှာ  စစ်ကောင်စီဝင်တွေရဲ့ ယာဉ်တန်းကို ကေအိုင်အေက RPG နဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒဏ်ရာရရှိခဲ့ပါတယ်။

ဗန်းမော်-မြစ်ကြီးနားလမ်းမှာ မိုးရွာသွန်းနေတာကြောင့် လမ်းတစ်လျှောက်ရွံ့စေးတွေနဲ့ လမ်းတွေဆိုးရွားနေပြီး တိုက်ပွဲတွေကြောင့်လည်း ခက်ခဲကြန့်ကြာနေတယ်လို့ ဗန်းမော်- မြစ်ကြီးနား ကားမောင်းသမားတစ်ဦးက ပြောပါတယ်။

8 months Ago
Up