မြစ်ကြီးနားလေတပ်စခန်း

April 17, 2021

မြစ်ကြီးနားလေတပ်စခန်း လက်နက်ကြီးဖြင့် အပစ်ခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊  မော်ဖောင်းကျေးရွာအနီးမှာရှိတဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လေတပ်စခန်းကို ဧပြီ ၁၇ ရက် ဒီနေ့မနက်က လက်နက်ကြီးနဲ့ အပစ်ခံရပြီး လက်နက်ကြီးကျည် ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ဒဏ်ရာရမှု အခြေအနေကို စစ်ကောင်စီဘက်က သတ်းထုတ်ပြန်ခြင်းမရှိသေးဘဲ လေယာဉ်ကွင်းတစ်လျှောက် စစ်သားတွေနဲ့ ရဲတွေက  လှည့်လည် စစ်ဆေးမေးမြန်းနေတယ်လို့ သိရပါတယ်။

လက်နက်ကြီးပစ်ခတ်သံ ၃ ကြိမ်လောက်ကြားရပြီး  လက်နက်ကြီးတစ်လုံးကတော့ မော်ဖောင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရွာသား ၁ ဦး ပေါင်မှာထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်

ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြား တောင်ပေါ်ဒေသတွေမှာ အကြမ်း ဖက်စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတို့  တိုက်ပွဲဖြစ်ပွားနေသလို စစ်ကောင်စီရဲ့ လေတပ်ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်

ကချင်ပြည်နယ် ဖားကန့်၊ တနိုင်း၊ ပူတာအို၊ ဗန်းမော်အပြင် မန္တလေးတိုင်း မိုးကုတ်နဲ့ ရှမ်းပြည်နယ်ဘက်က ဒေသတချို့မှာလည်း  ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့ အကြားတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

1 month Ago
Up