မြစ်ကြီးနားမြို့

November 29, 2021

ဖမ်းဆီးခံရသည့် မြစ်ကြီးနားမြို့က လူငယ် ၄ ဦး ပြန်လွတ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နောင်နန်း ကျမ်းစာသင်ကျောင်းအနီးရှိ နေအိမ်တစ်အိမ်မှာ ဖမ်းဆီးခံရတဲ့ လူငယ်လေးဦး မနေ့ည ၁၀ နာရီလောက် ပြန်လွတ်လာတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နိုဝင်ဘာ ၂၈ ရက် ညနေ ၃ နာရီလောက်က အရပ်ဝတ်တွေနဲ့ ရောက်လာပြီး အမျိုးသား လူငယ်သုံးဦးနဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးသွားပြီး ည ၁၀ နာရီလောက် ပြန်လည်လွှတ်ပေးလိုက်တာလို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတစ်ဦးက "စစ်ကောင်စီက ကား ငါးစီးနဲ့ရောက်လာတယ် တပ်ဖွဲ့ဝင် ၂၀ လောက်ပါတယ်။  အရပ်ဝတ်တွေနဲ့ လည်းပါတယ်။ သေနတ်တွေလည်း လေးချက်လောက်ဖောက်သွားတယ်။ ညနေ ၃ နာရီလောက်က အဖမ်းခံရတာ ည ၁၀ နာရီလောက် ပြန်လွှတ်ပေးလိုက်တယ်။ လူမှားဖမ်းတာလို့ပြောပြီး ပြန်လွှတ်လိုက်တာ" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့  နိုဝင်ဘာ ၂၅ ညနေပိုင်းကလည်း မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က လူငယ်နှစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။

2 days Ago

November 17, 2021

မြစ်ကြီးနားမြို့ပေါ်တွင် ဗုံးပေါက်ကွဲ ပစ်ခတ်မှုများဖြစ်ပွား

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်တချို့မှာ နိုဝင်ဘာ ၁၆ ရက် ည ၉ နာရီအချိန်လောက်က ဗုံးပေါက်ကွဲသံနဲ့ သေနတ်သံတွေ ကြားရတယ်လို့ ဒေသခံတွေက သိရပါတယ်။

“ဗုံးပေါက်သံတွေ အရင်ကြားရတယ်။ အဲ့နောက်တော့ သေနတ်သံ ဆက်တိုက်ကြားရတာ။ မြို့နယ် စည်ပင်ရုံးနားမှာလည်း တစ်လုံးပေါက်တယ်ကြားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ခေမာသီရိရပ်ကွက်က အမှတ်(၂) ရဲစခန်းဘက်ကလည်း သေနတ်ပစ်ခတ်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။ 

“ခေမာသီရိ ရဲစခန်းက ၁၀ချက်လောက် ရှိတယ်၊ ဆက်တိုက်ဆိုသလို ပစ်တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

မြစ်ကြီးနားမြို့ သီတာရပ်ကွက်၊ ခေမာသီရိရပ်ကွက်နဲ့ တပ်ကုန်းရပ်ကွက်တွေမှာ ဗုံးပေါက်ကွဲသံနဲ့ သေနတ်သံတွေ ကြားရတယ်လို့ သိရပါတယ်။ ည ၇ နာရီ လောက်ကလည်း စီတာပူရပ်ကွက်က မြစ်ကြီးနားတက္ကသိုလ်ကျောင်းဂိတ်ရှေ့မှာ ဗုံးတစ်လုံးပေါက်ကွဲ ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး လူတွေ ထိခိုက်ဒဏ်ရာရမှု အခြေအနေကတော့ မသိရသေးပါဘူး။

2 weeks Ago
More News
Up